ဆန့်ကျင်ဖက် ဒဿနများ
အမှားသာမရှိခဲ့ရင် ၊ အမှန်ကိုသိကြမှာမဟုတ်။
ညအမှောင်နဲ့တိုးလို့သာ ၊ နေ့အလင်းကို မြတ်နိုးကြတာပါ။
အဖြူရောင်တန်ဖိုးတက်တာ ၊ အမည်းစက်ကြောင့်မလား။
အမှန်ကိုတော့ချီမွမ်း ၊ အမှားကိုလည်းမကဲ့ရဲ့စမ်းပါနဲ့
နေ့အလင်းကိုတမ်းတ ၊ လွမ်းပေးပါညအမှောင်
အမည်းရောင်သူမဖက် ၊ အဖြူ ရယ်ဘယ်သို့တက်
ဖက်တွယ်ပါအရှုံး ၊ အောင်နိုင်တော့အပြုံးပေါ့
အမုန်းကိုလက်မခံသမျှ ၊ အချစ်ကိုမခြယ်သပါနဲ့
ပယ်ရမှာစိတ်အတ္တ … အော် ….. ဆန့်ကျင်ဘက် ဒဿန ။ ။
Comment #2
မှန်တာပေါ့ … အကြောင်းမရှိဘဲ အကျိုးဆိုတာမဖြစ်လာဘူးလေ

Comment #3
အမှားနဲ့အမှန်ဆိုတာ ဒွန်တွဲနေတာဘဲလေ …………… ဒါပေမယ့်လဲ ………….. မမှားအောင်တော့သတိတရားလေးကို အစဉ်လက်ကိုင်ထားရင် …………….. လောကကြီးမှာ ပျော်စရာတွေချည်းပဲပေါ့လေ…. 🙂

Comment #4
Thz so much.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဓားကောင်းတစ်လက်ဖြစ်ဖို့ တူနဲ့နာနာထုရသလိုပေါ့
နာနာလေးဝေဖန်ပေးကြပါဗျာ …. ကျေးဇူးအထူးတင်လျက်