ဒါလား အလွမ်း?
ချိုလွန်းရင် ခါးတတ်တယ်
မှန်လွန်းရင် မှားတတ်တယ်
သတိရလွန်းရင် လွမ်းတတ်တယ်တဲ့
ဟုတ်လို့လားဗျာ ? ? ?
သူနဲ့ အကြည့်ချင်း ဆုံတိုင်း
အမှတ်တမဲ့နဲ့
အမှတ်တရတွေများတတ်လို့
နာရီတွေလည်း
မလတ်ဆတ်နိုင်တော့အောင်
အပုပ်မြန်နေပြီ
နွေခေါင်ခေါင်မှာမိုးကြီးရင်. . .
ပက်ကြားအက်တွေလွမ်းရတယ်
ရင်ခေါင်ခေါင်မှာအချစ်ကြီးရင်တော့. . .
ကျွန်တော်လွမ်းရတယ်ဗျာ။
Ray
18th October,2011.
23:45 pm
Comment #2
သူနဲ့ အကြည့်ချင်း ဆုံတိုင်း
အမှတ်တမဲ့နဲ့
အမှတ်တရတွေများတတ်လို့
နာရီတွေလည်း
မလတ်ဆတ်နိုင်တော့အောင်
အပုပ်မြန်နေပြီ
goodတယ် အကို အားပေးသွားပါတယ်။
Comment #5
ကြိုက်တယ်ဗျာ.ကြိုးစားထား
Comment #6
နွေခေါင်ခေါင်မှာမိုးကြီးရင်. . .
ပက်ကြားအက်တွေလွမ်းရတယ်
ရင်ခေါင်ခေါင်မှာအချစ်ကြီးရင်တော့. . .
ကျွန်တော်လွမ်းရတယ်ဗျာ။
Comment #7
ကဗျာလေး ခံစား. .အားပေးသွားတဲ့ ကိုလုလင်ငယ်သွေး ၊ ကိုရဲမင်း ၊ ကိုရဲဝင့်အောင် ၊ sharon myorr myor ၊ kaungkaung ၊ mgchannaye တို့အားလုံးကို ကျေးဇူးအများကြီးတင်တယ်ဗျာ ဒီအားဆေးတွေကြောင့် ကျွန်တော်ကဗျာတွေထဲ အသက်ဆက်နိုင်တာပါ ။ ကျွန်တော်ကဗျာတင်တုန်းက ကဗျာအောက်ကစာတန်းတစ်ခု ဖျက်မရတာနဲ့ ဒီအတိုင်းတင်လိုက်ရတယ် ဒါပေမယ့် တစ်ယောက်ယောက်ကလာဖျက်ပေးသွားတယ်ထင်တယ် ကျွန်တော့ကို ကူညီပေးသွားသူ ကျေးဇူးပါဗျာ ။
Comment #8
wow,,,
heart hti de kwar
Comment #9
အားပေးသွားတဲ့ မအိလေး ကျေးဇူးအားကြီးတင်ပါတယ် ။
Comment #1
နွေခေါင်ခေါင်မှာမိုးကြီးရင်. . .
ပက်ကြားအက်တွေလွမ်းရတယ်
ရင်ခေါင်ခေါင်မှာအချစ်ကြီးရင်တော့. . .
ကျွန်တော်လွမ်းရတယ်ဗျာ။
ကောင်းတယ်ဗျာ