နင့်အတွေး
သိသာသိစေတဲ့ 
နင့်အတွေးတွေ
အတိတ်ကိုပြန်ပြေးသွားတတ်တာ
ငါသိပါတယ်…..။
မမြင်စေနဲ့ ဆိုသလို
ငါမြင်သာအောင်တော့
တွေးမပြပါနဲ့ 
ရင်နာလွန်းလို့ ပါ……။
နင်ပြောခဲ့ ဖူးတယ်
နင့်ရင်ခွင်မှာနေပြီး
တခြားသူကို လွမ်းမနေ ချစ်မနေပါနဲ့ တဲ့ …….။
တကယ်တမ်းကျ
ငါ့ဘေးကနင့်မှာ…….
နင့်နှလုံးသားမှာ…….
နင့်အတွေးတွေမှာ……
တခြားတစ်ယောက်တော့ 
ရှိမနေစေနဲ့ ပေါ့………
နင့်စကားနဲ့ နင့်ကို
မချည်ချင်လို့ ပါ…….။
Comment #2
စာသားလေးတွေကိုအရမ်းသဘောကျမိပါတယ်။
ကံကောင်းပါစေ။ ။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင်ပြောခဲ့ ဖူးတယ်
နင့်ရင်ခွင်မှာနေပြီး
တခြားသူကို လွမ်းမနေ ချစ်မနေပါနဲ့ တဲ့ …….။
တကယ်တမ်းကျ
ငါ့ဘေးကနင့်မှာ…….
နင့်နှလုံးသားမှာ…….
နင့်အတွေးတွေမှာ……
တခြားတစ်ယောက်တော့ 
ရှိမနေစေနဲ့ ပေါ့………
နင့်စကားနဲ့ နင့်ကို
မချည်ချင်လို့ ပါ
အဲ့ဒါလေးကိုအ၇မ်းကြိုက်တယ်…….အားပေးလျက်