ရူးချင်တယ်..
စက်တင်ဘာ 27 ရက်နေ့
မရေတွက်နိုင်တဲ့ မိုးရေတွေထဲ
မမျှော်လင့် ရဲသော နေ့အဖြစ်
ကျားရှေ့က သမင်ငယ်တစ်ကောင်ထက်
အဆပေါင်း များစွာ..
တုန်လှုပ် ခြောက်ခြား မှု့တွေ
တစ်ပုံ တစ်ပင်ကြီး………..
မဖိတ်ခေါ်ဘဲ ရောက်နှင့်တော့
ပြင်ဆင်မှု့ မရှိတဲ့ငါ့နှလုံးသား
သိမ်ငယ်မှု့တွေ တပွေ့ တပိုက်နဲ့
မာနမရှိတဲ့ မျက်ရည်တွေစတွေက
အတားအဆီးမရှိ စီးဆင်းခဲ့ရှာတယ်
အပြစ်ရှာမရတဲ့ ချစ်သူအဖြစ် ..
စိတ္တဇ ဖြစ်ခွင့် ရှိရင်..
ချစ်သူအစား ငါပဲ ဖြစ်လိုက်ပ်တော့ကွယ်..
ငါ့အတွေးတွေ ခေါင်း ခိုက်
မျက်ရည်တွေ ပွေ့ပိုက်ပြီးရူးချင်တယ်……
အနက်ရောင်ဂျိုကာ.………….
Comment #2
ငါ့အတွေးတွေ ခေါင်း ခိုက်
မျက်ရည်တွေ ပွေ့ပိုက်ပြီးရူးချင်တယ်…….
ကဗျာလေး ကောင်းတယ်ဗျ အားပေးတယ်။
By: X - ray at Oct 22, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လုလင် အားပေးသွားပါတယ်
ကဗျာကို အစိမ်းရောင်ကာလာ ခြယ်ထားတာတော့ ဖတ်ရတာ အားစိုက်ရတဲ့ ကဗျာလေးပါ