“ အထင်ကရ ပြတိုက် ”
ရထားဥသြဆွဲသံ တစ်ခုကြောင့်များ
ကျွန်တော်တို့ မျက်ရည်တွေကျိန်စာသင့်နေတာလား
အဲ့ဒီ့ ဘူတာနားကို
ခပ်တည်တည်ပဲ ထပ်သွားကြည့်တာပေါ့ … ။
မမြင်ရတော့တဲ့
အထင်ကရတွေအတွက်
တစ်ရက်ရက်ကတော့ ရှိနေဦးမယ် … ။
လှည့်စားမှုနဲ့ အသိရဲ့
စီးချင်းထိုးပွဲမှာ နောက်ဆုံးတော့လည်း
ကျွန်တော့်နှုတ်ခမ်းတွေ တစ်စက်စက်တုန်လာတယ် ။
ဝိုးတ၀ါး မဟုတ်တော့တဲ့ အရိပ်တွေ
အလင်းရောင်ဖျော့ဖျော့မှာ
သော့သော့လေး မြင်နေရသလိုပဲ …
တွေးမိသလောက်သာရေးရရင်တော့
“ နေမင်းဆိုတဲ့ အရာကို
ဘယ်လိုတိမ်တွေကမှ အမြဲတမ်း
ဖုံးအုပ်နိုင်စွမ်း မရှိပါဘူး ” လို့ … ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်း၏…။