ပိုးဖလံလို ငါ
ငါဟာ… မီးရောင်ကို
ရွှေတောင်မှတ်လို့် အတောင်ကျွမ်းအောင်
မိုက်လမ်းရှာတဲ့ ပိုးဖလံလိုကောင်
အပြန်လမ်းတွေမှာ အတောက်ပံမဲ့လို့
လာလမ်းတွေတောင် ဖြောင့်အောင် မပြန်နိုင်ဘူး
ငါ ချစ်တာလည်း နင် မသိခဲ့ဘူး။
ဒီအချိန်မှာ ကုန်သွားတဲ့ ဖူးစာ
ဒဏ်ရာတွေ ရင်ခွင်ပိုက်လို့
တစ်ခါ မိုက်ခဲ့တဲ့ ငါ….
နောင်တစ်ချိန် ပြန်ဆုံကြရင်
ပြောပြချင်မိတယ်။
“အချိန်တိုင်း မေ့မရဘူးလို့
စာ မဖွဲ့ချင်ဘူး ဒါပေမယ့်
အချစ်ဆိုတဲ့ စာလုံး
ရင်ကို ရိုက်ခတ်တဲ့ အခါတိုင်း
စဉ်းစားမိတာ မင်းအကြောင်းတွေပါ
မိငယ်….”။ ။
သူငယ်ချင်းတွေ ပြောတယ်
ငါဟာ အမှတ်မရှိဘူးတဲ့
မြတ်နိုးစိတ်နဲ့ အရာရာ
ခေါင်းညိတ်ပေးခဲ့မိတာ အပြစ်လား
ငါ့ အချစ်နဲ့ ငါ ရှိပါစေတော့
ကမ္ဘာကြီးရဲ့တစ်နေရာနဲ့
ငါ့ ရင်ခွင်မှာ တစ်ဘ၀စာ
နင် ရှိနေပြီပဲ ရှိနေနှင့်ပြီပဲ
ငါ ဘာကို ထပ်မက်မောရအုံးမှာလဲ။ ။
ငါ ဘယ်လိုပဲ မိုက်ရူးရဲဆန်တဲ့
သတိမရှိတဲ့ ပိုးဖလံလို ကောင်
ဖြစ်နေပါစေ…
မင်းကို ချစ်တဲ့ နှလုံးသားနဲ့
အသက်ရှင်နေအုံးမယ် မိငယ်။ ။
Comment #3
ခံစားချက်တွေပဲဗျာ…တော်တော်ထိတယ်။
အားပေးသွားပါတယ်။ကြိုက်တယ်ဗျ။
Comment #4
ကဗျာကောင်းလေးပဲ
ကြိုက်တယ်…..
Comment #5
ကြိုက်တယ်ဗျာ ကဗျာလေးကအရမ်းကိုဖတ်လို့ရိုးသားပါတယ်
ချစ်တတ်သောကဗျာဆရာရေးတဲ့ ချစ်စရာကောင်းတဲ့ကဗျာလေးပါ
အားပေးလျက်ပါဗျို့
Comment #6
a yan a yan kyike par d
Comment #1
ဒီအချိန်မှာ ကုန်သွားတဲ့ ဖူးစာ
ဒဏ်ရာတွေ ရင်ခွင်ပိုက်လို့
တစ်ခါ မိုက်ခဲ့တဲ့ ငါ….
နောင်တစ်ချိန် ပြန်ဆုံကြရင်
ပြောပြချင်မိတယ်။