အလွမ်းသက်သက် စိုက်ခင်း
တစ်ရွေ့ရွေ့ ထွက်ခွာသွားတဲ့ ရထား
တစ်ဖြည်းဖြည်း မှုံဝါးသွားတဲ့ ကောင်းကင်
ကျွန်တော့် မှာတော့……
သူ စွန့်ခွာခဲ့ ဒီရင်ခွင်ကို ငုံ့ကြည့်ရင်း
တစ်ရက် တစ်လီ တိုး
အလွမ်းတွေ ညစဉ် တံတားထိုးလို့
တစ်နေ့နေ့ဆိုတာ စိုက်ပျိုးခဲ့ဖူးတယ်။
တစ်ဖြည်းဖြည်း မှုံဝါးသွားတဲ့ ကောင်းကင်
ကျွန်တော့် မှာတော့……
သူ စွန့်ခွာခဲ့ ဒီရင်ခွင်ကို ငုံ့ကြည့်ရင်း
တစ်ရက် တစ်လီ တိုး
အလွမ်းတွေ ညစဉ် တံတားထိုးလို့
တစ်နေ့နေ့ဆိုတာ စိုက်ပျိုးခဲ့ဖူးတယ်။
ဒြပ်မဲ့ သက်သက်
နေ့ည ရက်ဆက်
အလွမ်းသက်သက်စိုက်ခင်း
ရင်တွင်းဖြစ် မမေ့ဖြစ်ဝေဒနာ။
ကျွန်တော့် ရင်ထဲမှာ နွေပါ..
အလွမ်းဖြစ်စေ ပန်းဖြစ်စေ
တိတ်တိတ်လေးလွမ်း
ကာရံမဲ့ခဲ့တဲ့ ပန်း
အဆုံးတော့ အလွမ်းတွေနဲ့ ဝေ
သူသိနိုင်ပါစေသား။
Comment #2
lwan pone lay ka le nu nyant cho tar like tar…

Comment #4
a me…a me…
hint,,
a myauk kyike de dot.
he..he…
kaung ma lay dot ta nar sa yar pe

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော့် ရင်ထဲမှာ နွေပါ..
အလွမ်းဖြစ်စေ ပန်းဖြစ်စေ
တိတ်တိတ်လေးလွမ်း
ကာရံမဲ့ခဲ့တဲ့ ပန်း
အဆုံးတော့ အလွမ်းတွေနဲ့ ဝေ
သူသိနိုင်ပါစေသား။
လုလင် အားပေးသွားပါတယ်