တွန့်ကြေနေသော အပိုင်းအစများ
ကျွန်မ ခေါင်းငုံ့ထားခဲ့သော်လည်း
တံလျှပ်ကို ရေထင်မိပြန်တယ်
ရှေ့တူရှူလဲ မကြည့်ရဲခဲ့သလို
ခေါင်းမော့ထားဖို့လဲ ကုသိုလ်ကံက နည်းပါးလွန်းနေပြန်တယ်
နာကျင်ခြင်းတွေ ကြောက်ရွံ့ကာမှ
ထပ်ခါ ထပ်ခါ ဒဏ်ရာတွေကို ဖိတ်ခေါ်
ဒုက္ခဆိုတာ အပေါင်းအဖော်နဲ့လာတာတဲ့
ဒါတွေကလဲ ကျွန်မရဲ့ သတ္တိအားတွေ နည်းခဲ့စေပြန်တယ်
ကံဆိုးမ သွားလေရာမို့လား
အငြိုးနဲ့ မိုးရယ်
ကျွန်မအတွက်တော့ ဆိုးခဲ့စေပြန်တယ်
အသွားအပြန်ဆိုတာ မရှိတဲ့ဘဝမှာ
ကံကောင်းခြင်းဆိုတာ အလှမ်းတွေဝေးလွန်းလို့
ဘုရားမှာတောင် ဆုမပန်ရဲခဲ့သလို
ကျွန်မ စိတ်ဓာတ်တွေလဲ မြေခနေပြန်တယ်
တစ်ခါတစ်ရံပါ
တစ်ခါမှ တစ်လေ ချစ်တဲ့သူတွေတွေ့ပါရဲ့
ကျွန်မ မာန်နတ်တွေမှ ကိုးကွယ်မိနေသလား
ကံတွေ အထပ်ထပ်ဆိုးစေပြန်တယ်
ကျွန်မကို နှုတ်ပိတ်နေခွင့်ပြုပါ
ဘယ်စကားအရာမှ မအောင်တဲ့ဘဝမှာ
မပြောင်မြောက်ချင်တော့ဘူး
တိုးတိတ် ပုန်းကွယ် အမှောင်ထဲပဲ နေချင်တော့တယ်
ဒီလိုနဲ့ပဲ ကျွန်မအရာအားလုံးကို တွန့်ဆုတ်မိလာတယ်
ဝန်ခံပါတယ်…..
လူသားအားလုံးကို ကျွန်မကြောက်ရွံ့တယ်
ကျွန်မရဲ့ တည်ရှိနေခြင်းကို
မျက်…ကွယ်…ပြု…ပေး…ကြ…ပါလို့
မဝံ့မရဲဆိုရင်း
အရာအားလုံးကို ကျွန်မနှုတ်ဆက်တယ်….
ကြက်ခြေခတ်X
9:02 thurs 10 feb 2011
Comment #2
don’t feel depress,,,
fighting,,
fighting,,
every clouds have its own light.
Comment #1
ကဗျာက တစ်မျိုးလေးပဲ စိတ်အားငယ်သလိုလို..တစ်မျိုးလေးပဲဗျ။
အားပေးသွားပါးတယ်။