ကံတရားတဲ့လား ကိုယ့်အထာနဲ့ကိုနေစမ်းပါ
လူမှန်းသိတတ်စကတည်းက
ရှိလာတဲ့အတွေးအခေါ်တချို့
ဆက်သွယ်မူ့ဧရိယာပြင်ပရောက်နေတာလား
ရှိစုမဲ့စုအလင်းရောင်နဲ့အသက်ဆက်နေရတဲ့
မြို့တစ်မြို့ရဲ့ ဟန်ဆောင်မူ့တွေက
ငါပိုင်တာတွေအကုန်ယူသွားတယ်
လက်သီးကိုတင်းတင်းစုပ်ပြီး မျှော်ကြည့်မိတော့
ကျိုးပဲ့နေတဲ့လှေကားတစ်စင်းပဲတွေ့တယ်
လိုချင်တာကိုရဖို့ကောင်းကင်ကိုလက်ဖြန့်မတောင်းတော့ဘူး
မသေချာမူ့နဲ့မသိတတ်မူ့ကိုစိန်ခေါ်ပြီး
ဘာလဲလို့လဲ ငါမမေးတော့ဘူး
ဘယ်သူကသိမှာလဲ အရေးတယူမရှိတဲ့သက္ကရာဇ်တွေကို
ဘာမှာလဲ ဘာမှာလဲ
လောကကြီးကိုစောင့်ကြပ်တဲ့နတ်လိုလိုဘာလိုလိုအကောင်တွေ
အိုးးးးးးးးးးးးးးဟိုးးးးးးးးးကံတရားတဲ့လားး
ကိုယ့်အထာနဲ့ကိုနေစမ်းပါ…
အားမလိုအားမရဘ၀နှစ်ခုကို
တစ်ခုတည်းဖြစ်အောင်ဖန်တီးချင်တဲ့ဆန္ဒတစ်ခုနဲ့
နေ့ရက်တွေကိုစားသုံး ၀ရုန်းသုန်းကားဖြတ်သန်းနေတယ်
အိုးးးးးးးးးးးဟိုးးးးးးးးးးကံတရားတဲ့လား
ကိုယ့်အထာနဲ့ကိုနေစမ်းပါ ။ ။
ဒီလူ(တောင်တွင်းကြီး)
Comment #2
အရမ်းကောင်းတယ်ဗျာ တစ်ပုဒ်လုံးကြိုက်တယ်
ကံတရားတဲ့လားကိုယ့်အထာနဲ့ကိုယ်နေစမ်းပါ
Comment #1
wow,,,,,,,,,,
ha,,ha,,,
u might feel unpleasant.