ဆီမီးထွန်းမြိုင် လတန်ဆောင်တိုင်
ဆီမီး ထွန်းညှိ
အလျှံညီးသည့်
ညနက်တန်ဆောင်
အမှောင် ကိုကွယ်
အလင်းသယ်ပြီး
မီးပုံကြီးငယ်
လွှတ်ကာတင်လို့
လူလုပ်သည့်ကြယ်
ကောင်းကင် ၀ယ်ထွန်း
ကမ္ဘာအံသြ
တောင်ကြီး မြို့ဝယ်
စဉ်မြဲ ကျင်းပ
မီးပုံးပွဲတော်
အားလုံးနွဲ ပျော်
စဉ်တွဲပျော်လို့
ဆယ်နှစ်လ၀ယ်
ထူးသည့်ရာသီ
တန်ဆောင် ဆီမီး
ထိန်ထိန်ညီးလို့
မသိုးသင်္ဃန်း
ယက်လှူဒါန်းလို့
ကုသိုလ် ပွားယူ
ဒါန တူလို့
အလှူများပြား
တို့ဗမာ မျိုး
ကမ္ဘာတွင်းဝယ်
ဂုဏ်တိုးလို့ နွဲ
လ တန်ဆောင်ပွဲ…………………….။
Comment #2
nice

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုဒေဝေါ
လုလင် အားပေးသွားပါတယ်