ဇာတာ
ကောင်းကင်အိုအို
ညနေညိုညို။
အနက်ရောင်တစ်စနှစ်စ
ပတ်ဝန်းကျင်ကရွတက်လာတယ်။
တီးတိုးစကားသံများ
ကြားတစ်ချက်မကြားတစ်ချက်
နေရခက်လှတယ်။
အတွေးထဲပတ်ချာလည်
မသောက်ပဲမူးနေတယ်
ခဏခဏအလည်ရောက်လာတဲ့
မျက်နှာနုနုဟာ
မျက်နှာနုနုဟာ
အပြုံးကို စနစ်တကျသုံးတတ်ခဲ့တယ်။
အဖြေမဲ့မေးခွန်းများ
အလွန့်အလွန်များပြား
ချောက်ထဲကားယားကျသွားခဲ့
အား……………..။
ရတာမလို လိုတာမရ
၁၉၈၇ ကဇာတာ
အခုထိနှိပ်စက်
အိပ်မရ ၃၆၅
တဖြည်းဖြည်းသုသာန်သို့သွားလေသည်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရတာမလို လိုတာမရ
၁၉၈၇ ကဇာတာ
အခုထိနှိပ်စက်
အိပ်မရ ၃၆၅
တဖြည်းဖြည်းသုသာန်သို့သွားလေသည်။
မိုတယ်ဗျာ အဆုံးသတ်လေးမိတယ် အားပေးသွားပါတယ်ဗျို့