ဖြောင့်ချက်
အရင်လိုပြန်တွေ့ခွင့်
မကြာခဏ မျှော်လင့်မိတယ်၊
တောင်တောင်အီအီ
မပီပြင်ဝိုးဝါး
အလွမ်းသံခါးခါး
အဲဒီလောက်ချစ်ခဲ့ရပါတယ်
နင်ဘယ်ဆီရောက်နေသလဲ..။
အပြုံးနဲ့မျက်လုံး
ရယ်မောသံခပ်ဖွဖွ
မဆုံရတာကြာပြီ ၊
ဖြတ်ခနဲမြင်ရုံ
လှပ်ခနဲရင်ခုန်ခဲ့
ငါ့ညတွေအိပ်ပျက်
အချိန်တွေတသမတ်ထဲရှိစေသား ။
ဖြေကြည့်ပါ…..
နင့်အတွေးမှာငါ
ဘယ်နှခါများပါသလဲ
ပန်းနုရောင်နှုတ်ခမ်း
ဒီဘက်ကို လှမ်းမလာပါနဲ့တော့
နင့်ပုံရိပ်တွေ
အိပ်မက်ထဲထည့်ထည့်မက်
အဲဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရတယ် ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီထက်နည်းနည်းထပ်ဆက်လိုက်ရင် ပိုလှမယ်ထင်တယ်ဗျ ကဗျာလေးက
အခုလည်းကောင်းပါတယ်ဗျာ အားပေးသွားတယ်ဗျ
မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)