၂၀၀၆ ဒိုင်ယာရီ
မှတ်မိနေသေးတယ်…….၊
ကျောင်းကန်တင်းမှာ နင်နဲ့ငါအတူပြုံးခဲ့ကြသေးတယ်
နောက်တော့လည်း နင်ကမုန်းသွားခဲ့တယ်။
အသည်းကွဲသလိုနဲ့ ကြောင်တောင်တောင်ကျန်ရစ်
နင့်ပုခုံးမှာနောက်တစ်ရစ်တက်သွားခဲ့တယ်…..။
အများရှေ့မှာပြုံးပျော်ပျော်နဲ့
နောက်ကွယ်မှာသက်ပြင်းခိုးချ..
ငါ့ဘ၀နဲ့ငါပါပဲ…၊
ဘာရယ်………..
အနေနီးလို့စိတ်ဝင်စား
နောက်တော့လည်းဝေးသွားကြတာ ဘာဆန်းလဲ…
ဟုတ်လား..
ဘယ်သူပြန်လျော်ပေးမလဲ
ကော်ဖီဆိုင်နဲ့ရုပ်ရှင်ရုံထဲကအိပ်မက်တွေ….
ထားလိုက်တော့ဒဏ်ရာအဖြစ်နဲ့…..၊
အခုငါသေချာဆုတောင်းမိနေ…
နင့်ဘ၀လမ်းဖြောင့်ဖြူးပါစေ………………။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားသည်