ဆိုးရွားစွာလောင်မြိုက်ခြင်း-ရွှေကြယ်မိုး
ဘာလဲကွယ်…
ဘာမှမသိနိုင်အောင်
ချစ်မိသွားတာ အပြစ်ပေါ့
‘ချစ်မိသူလောက် လူမိုက်မမည်’တဲ့
ငါ့ကိုခွင့်လွှတ်ကြပေါ့လေ…
ကံတရားရဲ့အလိုကျ
နှလုံးသားရဲ့အလိုကျ
သေသေကြေကြေချစ်မိသွားတယ်
အဲ့ဒီ့အတွက်ကြောင့်နဲ့ 
မှားမယ်ဆိုလဲ မှားပါစေတော့ကွယ်
ဟိုးအဝေးကိုငေး တွေးမိတယ်
ပင်လယ်နဲ့  ကမ်းခြေလို…
ပေါင်းဖက်ကြရရင်ကောင်းမယ်လို့ …
တစ်နေ့ နေ့ တော့
မျှော်လင့်သလို ဖြစ်လာလိမ့်မယ်…
(ဟုတ်နိုးနိုးနဲ့ )
ငါ…မီးပြတိုက်မထားတဲ့ ပင်လယ်မှာ
လက်ပစ်ကူးနေမိတယ်…
ဒီအချိန်ဆို သူ့ ဆံနွယ်တွေ လွင့်နေရောပေါ့
ခဏမေ့ထားဖို့ ကြိုးစားနေတာတောင်
‘သူ’ ကပေါ်လာသေးတယ်
ဒီစိတ်တွေကြောင့်ပဲ
ငါစစ်စစ်ပေါက်ပေါက်ကို
ရူးနေရပါပြီ…
မျှော်လင့်ချက်တွေနဲ့  လူသား
အိပ်မက်တွေကလည်း နှိပ်စက်လို့ ပေါ့
ဘာလဲကွယ်…
ရိုးရိုးသားသားချစ်မိခဲ့တဲ့
ရလဒ်က ဆိုးရွားစွာခံစားရခြင်းတဲ့လား
(သေလောက်အောင်ခံစားရပါစေ)
ဒဏ်ရာတွေ အပြိုင်းအရိုင်းထ
နာကျင်ခြင်းတွေနဲ့  အတူ
ငါ ဆက်ချစ်နေဦးမယ်…
ငါ..ဆက်..ချစ်..နေ..ဦး..မယ်
ရွှေကြယ်မိုး
Comment #2
မျှော်လင့်ချက်တွေနဲ့  လူသား
အိပ်မက်တွေကလည်း နှိပ်စက်လို့ ပေါ့
ကြိုက်တယ်ဗျ။အားပေးသွားပါတယ်။
Comment #1
ဟုတ်နိုးနိုးနဲ့ )
ငါ…မီးပြတိုက်မထားတဲ့ ပင်လယ်မှာ
လက်ပစ်ကူးနေမိတယ်…
အားပေးသွားတယ်