ကမ္ဘာကျော် တော့မယ့် လူ
မနက် ဖြန် တွင်
ငါ့ဘ၀ ရဲ့ ပမာဏ ကို သိဖို့ ငါ အခု ဖွင့်
( စိတ္တ ဇဆေးရုံ ဆိုလား ဘာလား…)
အိုင်စတိုင်း ခေါင်းထဲ က ၁၅ ကျပ်တန် အကြွေ စေ့ကို
ခပ်တည်တည်နဲ့ 
နပန်ကျင်း( နရင်းအုပ်) လိုက်ရင်းနဲ့ 
E=mc2— ( rif; bm aumif vJ) အောက်တွင် ဘာသာ ပြန်
(မင်း ဘာကောင်လဲ ) ?????
မေးခွန်း များစွာ ကို
သူ့ ထက်ငါလျှင် ပေါက်ကရရွတ်ရင်း
တစ်လုံး ထပ်တိုးလိုက်တယ်
1 + 1 = 1
တဲ့ ( မသိရင် သချာင်္ ဆရာကြီး)
ball ပဲကွာ ငါမသင်ချင်တာ အင်္ဂလိပ်စာ
da = ဓ
Ma= မ
Ge = ကြီး
DaMaGe= ဓါးမကြီး ( မသိရင် အင်္ဂလိပ် ဆရာကြီး)
ကမ္ဘာဆိုတာ လုံးလုံး –(ဟဲ ဟဲ)
နေတော့ ပြားပြား—-( ဟဲ ဟဲ )
ပြားတာဆိုတာ မလုံးဘူး—-အဲ
လုံးတယ်ဆိုတာ မပြားတာ—ဟုတ်ပြီ
ဒါနဲ့ လက်ဝှေ့ သမား (လုံးပြား )က ကော—-(အဲ ) ဟုတ်သေးပါဘူး
လုံးချော ကကော —– (အင်း) သူက ရူးနေတာ (ဟုတ်ပြီးရား..သားတို့ သမီးတို့ )
ဆရာမ ,မပြ တော့ —–(အင်း— သိပ်ကောင်း)
သိပ်မတွေးဝံ့ စရာ တွေ တော့ဖြစ်ပြန်( မသိရင် ဆိုက်ကို ဆရာကြီး)
ရောက်လေရာမှာ ပျော်အောင်မနေ ပဲ
သံသယ ကို (နှစ်လုံး) ထိုးလို့ 
(အင်္ဂလင်း)<– Danger
အဲ့ဒါကို သံပရာ ရည်နဲ့ ရောသောက်ကြည့် တော့
ဖန်ခါးခါးလေး ဗျ အဟဲ
လည်ချောင်းပဲ ရှင်းသလိုလို…………….. (မသိရင် ဓါတု ဆရာကြီး)
မြေကြီးကနေ ဆွဲတော့ ဂရာဖယ်တီ (gravity )
အရှိန်ကို ဘာညာ သိခဲ့တော့ (Force )
စွမ်းအားကို သိတော့ ( power )
စွမ်းအားရှင် တွေကို သိတော့—— (အဲ—အဲ )
(ဒါကတော့ ရူပဗေဒက ကမ္ဘာကျော် ပုဂ္ဂိုလ် တဲ့ ဗျ)
တ အဲ့အဲ့ နဲံ့ ဘာညာ ရွတ် တော့ အဲ့ ချင်း
တ အိုင်အိုင် နဲ့ ဘာညာ ရွတ်တော့ အိုင်ချင်း
တ ကိန်ကိန် နဲ့  ဘာညာ ရွတ်တော့ ကိန်ချင်း
တ အုအု နဲ့ ဘာညာ ရွတ်တော့ အုချင်း
ဖလန်း ဖလန်း နဲ့ ဘာညာ ရွတ်တော့ ( ကျော်ထွဋ်ဆွေ တဲ့ ) ဗျ — အဟ( မြန်မာ ဆရာကြီးပေါ့ )
1000111010010001010011001001010010101001000
1010010110100101001110010010101001010100101
( သေချာရေးထားတာနော် ) မှားမှာဆိုးလို့ 
ဒါ ကို သိလား
နင် သိမှာလဲမဟုတ်ပါဘူး
မှတ်ထား
အဲ့ဒါလျှောက်ရေးထားတာဟဲ့ 
နလပိန်းတုံး နင်တော်တော် တုံးတာပဲ
ဒါကို သေချာဖတ်တဲ့ နင် ကိုက တုံးတာ (ကွန်ပြူတာ ဆရာကြီးပေါ့ )
“ဟို င နွား
ပါးစပ် ပိတ်နေစမ်း
ထောင်ထဲက နေဘာတွေ အော်နေတာလဲ ”
— ဟုတ်သားပဲ — ငါ ကဗျာ ခေါင်းစဉ် ကိုမေ့ နေလိုက်တာ.(——) တဲ့ …
ပြီး ပြီလေ — ဘာကိုဆက်ဖတ်နေတာလဲ….???????
Comment #2
ကိုယ့်ဆရာ ..ရေရေလည်လည်မိုက်တယ်ဗျာ
ကျွန်တော်လုံးဝ လေးစားသွားပြီ
တစ်ခါမှ အဲ့သလို ကဗျာမျိုးလုံးဝမဖတ်ဖူးတာဗျ
ဖြစ်နိုင်ရင် အဲ့လို မော်ဒန်ကဗျာများများရေးပေးပါဗျာ ကြိုက်လွန်းလို့ 
Comment #1
yuu nay tar lar ma thi???