လူးရုံ လွန့်ရုံ
ငွေ့ငွေ့ကလေး …တဖျောက်ဖျောက်နဲ့ပါ…
လောင်ကျွမ်းလို့…လျှပ်ပြေးလို့…
မိုးပေါက်တွေ ပစ်ပစ်နစ်နစ်နဲ့ သွန်ချ
သဲသဲ မဲမဲ ရွာ
မြစ်ပြင်ကြီးကိုငေး ဆွေးပေါ့…
မိုးပြင်ကြီးကို လှဲချပေါ့…
ပြီးတော့…ဒေါသတွေကို ခြေအဆုံး ခေါင်းအဆုံး ရှု့စား
ဒဏ်ရာတွေ တကျွတ်ကျွတ်နဲ့ ချော့
အသည်းစိုင် လှဲမခိုင်နိုင်
မပိုင်ဆိုင်တဲ့ ဝေဒနာအဖြစ်နဲ့
ရင်မှာ သတိရတာပဲ သိတယ်လေ..
သံယောဇဉ်ဆိုတာ လှိုင်းကြတ်ခွတ်သလို
ကြည်ပြာရောင် အဆင်းနဲ့
တွန်းတိုက်လိုက် လွင့်ပြယ်လိုက်ပါ…
လွဲမှားစွာ လွှဲချလိုက်တဲ့ ကံတရား တံပိုးက
အပြစ်အနာ အစာမဲ့စွာ ရပ်တည်ဖို့
ခွင့်မပေးသလို…
မဆီ မဆိုင် လွှဲချဖို့… ပြစ်တင်ဖို့ပဲ…
ကြီးမားလှတဲ့ လေပွေကို အနားခေါ်ကာ ထားလေသလားပဲ…
အလွမ်းတွေ ရှိတဲ့ အရပ်ဆီလဲ သွားခဲ့တယ်..
အလွမ်းတွေ မရှိတဲ့ အရပ်ဆီကလဲ ပြန်လာဖူးပါတယ်..
ဒီတစ်ခါလောက် နောင်တတွေ ထမ်းပိုးထားတာ မယုံနိုင်သလို…
ဒီအလွမ်းတွေ ခံစားဖို့ ရင်ဘတ်တောင် ပျောက်ဆုံးလို့…
အော်.. မီးခဲပြာဖုံး ဘ၀နဲ့
ငွေ့ငွေ့ကလေး ပါ…
အလွမ်းကြီးကြီးရဲ့ ကျောပြင်ကြီးထဲ
နာကျင်လဲ လျောက်နေရတယ် မနာကျင်လဲ လျောက်နေရတယ်
ငါကို အမြင်မှားသွားလေမလားလို့လဲ တစ်မျိုး
လှုပ်လို့ မရတဲ့ ကွန်ရက်ထဲက ငါးကလေးလို
အော်..လူးရုံ လွန့်ရုံပဲ တက်နိုင်ပါတယ်…..
Comment #2
aww,,,
doke kha,,,
doke kha,,,
Comment #1
အလွမ်းတွေ ရှိတဲ့ အရပ်ဆီလဲ သွားခဲ့တယ်..
အလွမ်းတွေ မရှိတဲ့ အရပ်ဆီကလဲ ပြန်လာဖူးပါတယ်..