ည(၂)
ညတွေက..
တစ်ညပြီး..တစ်ည..မရိုးနိုင်အောင်
အတွေးတွေ …
ချည်နှောင်ခံထားရတယ်…
လ…ကသာလိုက်တာလည်း
တစ်ခါတစ်ခါ….
ကောင်းကင်တစ်ခုလုံး
သူတစ်ယောက်ထဲလိုပဲ…
မင်းပြစ်ခြွေခဲ့တဲ့ပန်း
ဘာပန်းဖြစ်ဖြစ်…
ငါကောက်ယူမွှေးတိုင်း…
ပန်ဆင်ဖို့မဖြစ်နိုင်ရင်တောင်
အမြဲ….
အလွမ်းတွေ..ငါရင်ကို..ဝေစေတယ်…
(ပန်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်လည်း..ငါနားမလည်ဘူး…နားလည်းမလည်ချင်ပါဘူး…ဖြစ်ချင်ရာဖြစ်ဆိုပြီး..
ဒါဏ်ရာတွေ …သြဘာမပေးနိုင်အောင်…တမင်မရေးခဲ့တဲ့ …ကဗျာ…လသာတုန်းလည်း…ဗိုင်းမငင်ချင်ဘူး..
ကိုယ်လျှောက်တဲ့လမ်း..နီးသလား..ဝေးသလားမသိ….မနက်ဖြန်ကို ..ရင်ထဲကကြက်တွန်မှ ..နိုးမှာလား..
အခုကတော့…အိပ်ရာဝင်တာပဲရှိတယ်….အိပ်လို့မရတာ..တော်တော်ကြာပြီ..)
Comment #2
ညတွေက..
တစ်ညပြီး..တစ်ည..မရိုးနိုင်အောင်
အတွေးတွေ …
ချည်နှောင်ခံထားရတယ်…
ကြိုက်တယ်ဗျာ
By: Village chat kyi at Nov 1, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
.မနက်ဖြန်ကို ..ရင်ထဲကကြက်တွန်မှ ..နိုးမှာလား..
ရ နံ့  ရဲ့  ညတွေ ကို ခံစားသွားပါတရ်