ည(၄)
ကောင်းကင်ကို ကြည်ငေးရင်း
အဖြေမဖော်တက်တဲ့ ရင်ထဲက အငွေအသက်တစ်ခု
ကပ်တွယ်ရင်း မှင်သက်ရတဲ့ အဖြစ်…..
ငါမြင်နေတဲ့ လခြမ်းကွေးကလေး …
တစ်ဘက်တစ်ချက်က တိမ်စိုင် တိမ်လိပ် အသီးသီးနဲ့
ငါရင်ကို လွမ်းစေလိုက်တာ..
ဘာကိုလွမ်းရမှန်းမသိအောင် ရှု့ငေးနေတာ….
ထပ်ဆင့် လွင့်ပျံလာလိုက်တဲ့
တရားသံ တိုးညှင်းညှင်းနဲ့
အခုဖြတ်သွားတဲ့ ဆိုက်ကားဆရာရယ် ခင်ဗျားဘယ်က
ပြန်လာတာလည်းဗျာ….
ရင်ထဲက မသိမသာ သက်ပြင်းချမိတယ်…
မှုတ်ထုတ်လိုက်တဲ့
လေပြင်းမှာ တမ်းတခြင်းတွေ ပါသွားရင်ကောင်းမလားပဲ?
စမ်းတ၀ါးဝါးဖြစ်နေတဲ့
ဝိညာဉ်တွေ အိပ်တန်းမတက်သေးဘူးနဲ့တူတယ်..
ပူသလို အိုက်သလိုနဲ့
လေပြေ လေညှင်းမလာ.. ခြောက်ခြောက်ကပ်ကပ်နဲ့ပါ
ပိုဆိုးတာက အာခေါင်သံနဲ့ ခြစ်အော်လိုက်တဲ့ငှက်ဆိုး
အလိုက်မသိလိုက်တဲ့ ငှက်ဆိုး ငါပဲ အိမ်ထဲပြန်ဝင်ရမလား?
အဲဒီငှက်ကြောင့်
ငါ့ရဲ့မှင်သက်မှုလေး အတိတ်မေ့သွားရပြီ…
အားလုံးကို အယ်(လ)ဇိုင်းမား ရောဂါနဲ့ ငါ့သွေးထဲ
ဝင်စေ မေ့စေလိုက်မယ်..
အဲဒီရောဂါက အသက်ကြီးမှလား?ငယ်ရင်ကော မဖြစ်နိုင်ဘူးလား?
ပြီးရင် အစကနေ ပြန်စလို့ သံယောဇဉ်ကို ပုံတူပြန်ထုမယ်…
နင်မသိသေးရင်
ငါရင်မှာဆက်ပြီး အဲဒီပန်ချီကားချိတ်ထားမယ်…
ငါ့တမ်းတခြင်းတွေကို တိမ်ညိုညိုနောက်က
လခြမ်းကွေးကလေးကို သက်သေအဖြစ် ပြောရအုံးမယ်….
ငါတံခါးတွေပိတ်မထားပါဘူး..
ငါမှမ၀င်ရသေးတာ…
အမှတ်မထင်
မင်းပေးခဲ့တဲ့ နွေးထွေးမှုတွေ အခုငါ့ရင်ကိုတကယ်
နွေးစေခဲ့ပြီ…..
ညသန်းခေါင်ကျော်ရင်
ငါမြင်နေတဲ့ အဲဒီတိမ်တွေနဲ့ လေနှင်ပြီး လွင့်ခဲ့မယ်..
မင်းသာ တမ်းတလိုက်..
ရင်ခုန်သံတွေ မင်းဆီအပ်ထားပြီးသားပါ…
အခုတော့ ခဏလေး
အလွမ်းတံခါး အရင်ပိတ်လိုက်အုံးမယ်..
နောက်မဆို အိပ်ပျက်ညတွေ ငါရှေ့မှာ ငူငူကြီးထိုင်နေမှာ….
ပြီးရင် မျက်လုံးတံခါးလည်း ဆက်ပြီးပိတ်ရမယ်….
အလွမ်းတွေ ငါနံရံတွေပေါ် ဖြတ်မပြေးခင်……
ဒီညတော့ …..
ငါ….အိပ်ပျော်အောင် အိပ်ချင်ပါတယ်….
Comment #1
အင်းဗျာ ဒီညတော့ အိပ်ပျော်ပါစေ ဗျာ