လူသားဝါဒ ၂ (သို့ ) မေးခွန်း
Question အစ
ညှိ့ ခဲ့သောအလင်း များ
အမာရွှတ်တွေ နဲ့ 
ရှိုက်သွင်းခဲ့ သော ပုံစံများကို
ပြန်လှန်ကြည့်မိရင်း – – – – –
ပြန်လှန်ကြည့်မိရင်း ++++
အက်ဆေးတွေ လက်တာတွေ နဲ့ ကြီးပြင်းခဲ့တာ
သေချာပြီလားလို့ ကော
ကိုယ့်ကိုကိုယ်မေးဖူးသေးလား ??
Ans; ငါ့—-တောင်ပံတစ်ဖက်နဲ့  ငါ့ဖာသာပဲ
ပျံသန်းပရစေလို့ 
နတ်သမီးကို ပြောမိချိန်မှာ
Question ဓမစက္ကပါလ ရဲ့  တစိတ်တဒေသ
“အာမင်း”
လို့ ရေ ရွှတ်သံတွေ
နင့်ကောင်းကင်မှာ ပျံကျဲလို့ 
လက်ကိုင် အဆွဲတွေ
အယူတွေ အာဝါဒါးတွေ ကို
ဘာနဲ့ ငြိမ်းသတ်မလဲ တဲ့ 
Ans: လွယ်ပါတယ်
“ရေနဲ့ ဖြန်းလိုက်ပေါ့ ”လို့ 
ပြောတော့
ဘူတာရူံ မှာ အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့ 
စုတ်စုတ် ပြတ်ပြတ် လူသားတစ်ဦးက
ရယ်လေတယ်
“ ငွင်း ငွင်း ငွင်း”
ပေါက်လို့ ပဲစား အသံများနဲ့ 
“ငါ့ ညီ မင်းငယ် ပါသေးတယ် ကွာ”… တဲ့ 
မလုပ်ချင်ပေမယ့် လုပ်မိနေတာက
The end ဖို့ ပဲ
လူဆိုတာ အစကတည်းက
အရူးသွေးရှိတဲ့ လူသားမဟုတ်လား….?????????
Comment #2
ဓမစက္ကပါလ ရဲ့  တစိတ်တဒေသ
“အာမင်း”
လို့ ရေ ရွှတ်သံတွေ
နင့်ကောင်းကင်မှာ ပျံကျဲလို့ 
လက်ကိုင် အဆွဲတွေ
အယူတွေ အာဝါဒါးတွေ ကို
ဘာနဲ့ ငြိမ်းသတ်မလဲ တဲ့ 
Ans: လွယ်ပါတယ်
“ရေနဲ့ ဖြန်းလိုက်ပေါ့ ”
ဒီအပိုဒ်ကို အကြိုက်ဆုံးပဲဗျာ ရေရေလည်လည်မိုက်တယ်
ဆက်ရေးပါဦးနော်
Comment #3
မလုပ်ချင်ပေမယ့် လုပ်မိနေတာက
The end ဖို့ ပဲ
လူဆိုတာ အစကတည်းက
အရူးသွေးရှိတဲ့ လူသားမဟုတ်လား….???????
Comment #1
ဟိ…
ဟုတ်တယ် အရူးသွေးလေးတွေနဲ့ပေါ့..
ရူးမှတော့ ကြူးပြီပေါ့..
ဒါဆို အကျူးကျော်ခံ၇ပေါ့…
ဘာမှလဲ မထူးတော့ဘူးပေါ့….