နင့်သဘော
မင်းဘက်က ကြည့်တဲ့  လက် ဖ၀ါးနဲ့ 
ငါ့ဘက်က ကြည့်တော့ လက်ဖ မိုး
ဒါဆိုရင်တော့ သေချာပါပြီ
ငါတို့  တစ်ယောက်ယောက်တော့မှားနေ ပြီ
SUb တစ်ခုတည်း
ဆုံစည်းလို့ မရတဲ့ 
ပြဒါး နဲ့ သံ လို ပေါ့
နပိုလီယံက တော့ သူ့ နောက်ဆုံး
တို က်ပွဲ ကို ပြဒါးနဲ့ သံပေါင်းထားတဲ့ 
(ဘာညာ) တော်ဝင် ဓါးကြီးကို ကိုင်လို့ 
နောက်ဆုံးတော့ လဲ ဒုံရင်းပါပဲလေ
ဗီသိုဗင် က ချောင်းဆိုးမိပြန်တယ်
လ္ဘက်သုပ် ဆို လဲ ချဉ် ၊ ငံ ၊ စပ် မှ ဆိုပဲ
အစပ် အဟပ် မတည့်ပြန်တော့ ပန်းသီးက ပဲခါးသလိုလို
မတွေ့ ဖြစ်တဲ့ ချစ်သူ ကိုလဲ လွမ်းသလိုလို
မသိခြင်းတွေ ကိန်းနေမိ ပြန်သကိုး ဗျ( ၁ = ၁ )
“ အဟမ်း…”
ချောင်းကို စိတ်ရှည်လက်ရှည် ဟန့် လိုက်ရင်း
၃၅ လမ်းထိပ် ကို ငါစောင့်စားနေခဲ့ မိပြန်တာပါပဲ
နင် တာမွေမှာ မိသားစုအသိုင်းအ၀ိုင်းနဲ့ 
ပျော်နေချိန်မှာ
ငါက တော့ နင့်ကိုလွမ်းလို့
ဂျပန်ကားတွေ အကား (၄၀) လောက်
ထိုင်ကြည့်မိလေရဲ့ 
( အက်ရှင်)ပြောတာနော်
နင်မှားနေပါတယ် လို့ ယူဆလို ယူဆ
မှန်နေပါတယ် လို့ တဖက်သက်ပြောရင်ပြော
နောက်ဆုံးအတွက်
နင်မှားတယ်ဆိုရင်လဲမှားလိုက်ပေါ့ဟာ
မှန်ချင်တယ်ဆိုရင်လဲ မှန်လိုက်ပေါ့
လို့  (ဒါဗင်ချီ ) လေသံနဲ့ ပြောနေပေမယ့်
တာမွေ နားက ကလေက၀မလေးက လည်း
“ဇ”
နဲ့ ဗျ
သူ့ စိတ်မှာ အဖု အထစ် (၃) ခုတောင်တဲ့
ဒါကို ဘာနဲ့ တိုင်းလဲဆိုတော့
City mart က “ကော်ပေတံ” တဲ့ 
“FMI နားကလေ ”
ဆိုတာတောင် အစစ် ပါလိုက်သေးတယ်
သံသယကလည်း များပါ့
သူ စိတ်မှာ ဘာတွေရှိနေရှိနေ စေ
အတင်းကြီး ( င ) တွေ ဆွဲပေးလို့ ပေါ့
အတင်းကြီး ( ၁) တွေ ဆွဲပေးလို့ ပေါ့
အတင်းကြီး (——–) သူလိုချင်တဲ့ အရာမှန်သမျှကို
ငါတက်နိုင်သ၍ပေါ့ အဟုတ်မှတ်လို့ 
နောက်ဆုံး
ကလေးတွေ ဆော့တဲ့ ဆပ်ပြာဖူဖောင်း
ဝယ်မပေးလို့ စိတ်က ကောက်လိုက်သေးတယ်
ခပ်တည်တည်နဲ့ ပဲ နာမည်လေး ပေးလိုက်ပါတယ်
( eSif;MunfjzLvif;t&l;r ) သိရင်တော့ နင်ပေါ့
(L P K H) နင်ဖတ်ပြန်သလား——
နင်ပြောတော့ နင့်ကဗျာ မဖတ်တော့ဘူးဆို
( Y T K A) ဆိုတာ တစ်ချိန်က နင်
နင်းခြေ ခဲ့ တဲ့ 
သဲ မှုန် လေးတစ်မှုန် ပါပဲ……
Arker(6:25)
Tue, November 1 ,2011
Comment #2
မိုက်လိုက်တာဗျာ..ရေးထားတာက
ညီ ..အားပေးသွားပါတယ်။
Comment #3
မင်းဘက်က ကြည့်တဲ့  လက် ဖ၀ါးနဲ့ 
ငါ့ဘက်က ကြည့်တော့ လက်ဖ မိုး
ဒါဆိုရင်တော့ သေချာပါပြီ
ငါတို့  တစ်ယောက်ယောက်တော့မှားနေ ပြီ
SUb တစ်ခုတည်း
ဆုံစည်းလို့ မရတဲ့ 
ပြဒါး နဲ့ သံ လို ပေါ့
Comment #1
အကို ..ဘာကိုဆိုလိုတယ်ဆိုတာ သေသေချာချာရှင်းပြပါလား ဗျာ
နောက်ကဗျာတစ်ပုဒ်မှာဖြစ်ဖြစ်ပေါ့..
ဒါမှမဟုတ်လည်း..
( eSif;MunfjzLvif;t&l;r ) သိရင်တော့ နင်ပေါ့
(L P K H) နင်ဖတ်ပြန်သလား——
နင်ပြောတော့ နင့်ကဗျာ မဖတ်တော့ဘူးဆို
( Y T K A) ဆိုတာ တစ်ချိန်က နင်
နင်းခြေ ခဲ့ တဲ့ 
သဲ မှုန် လေးတစ်မှုန် ပါပဲ……
ဆိုတာ ကို နောက်တစ်ပုဒ်မှာပဲဖြစ်ဖြစ် ရှင်းပြပါလား
ကောင်းတော့ကောင်းပါတယ်ဗျာ ကျွန်တော် နားမလည်တာပဲဖြစ်မှာပါ