ည(၁၂)
ဒီည.. သောကတွေထဲက
ဒါဏ်ရာတွေ ဖယ်လိုက်တော့
အလွမ်းတွေက တားမရ..
ဥပက္ခာ ပြုသူတစ်ယောက်ရဲ့
စကားဝှက်တွေက
နားလည်ရ ခက်ခက်ပါ..
မှောင်မိုက်ခြင်းကို ကတ္တရာလမ်း အထင်နဲ့
နာကျင်ခြင်းတွေ ဖ၀ါးအောက်မှာ
ခြေစုန်နင်းထားဆဲပါ
မြင်နေ တွေနေတဲ့ အရာအားလုံး
ကျောခိုင်းခဲ့ချင်ပြီ
အဖြည့်ခံ နှလုံးသား ဖြစ်တဲ့
ပဲကျနေတဲ့ မျက်ရည်စက်တွေဟာ
ကမ်းပါထက်မှာ စိုအစ်လို့
အော်..
ဘယ်လိုမှ မြိုမကျခဲ့တဲ့
နူးညံတဲ့ ရပ်တည်ချင်းတွေလဲ
လွင့်ပြယ်ကုန်ပြီ ထင်တယ်..
ကိုယ်တိုင် တည်ဆောက်လို့ မရတဲ့
ဘ၀ မို့ကြောင်ပဲလား..မသိ
ကံတရာဆိုတဲ့ ကောင်နဲ့
အပေးအယူ မတည့်တာ
ထုံးစံတစ်ခုလိုတောင် ဖြစ်နေပြီ..
ဘယ်လိုပဲ လွမ်းလွမ်း
ငါလွမ်းတာတွေ သူမသိနိုင်ဘူး
ပြီးတော့
ငါရဲ့ ချစ်ခြင်းတွေလဲ မသိနိုင်ဘူး
အေးစက်စက် ကော်ဖီတစ်ခွက်
သောက်နေရသလိုပဲ
ရင်ထဲ တော်တော်ခါးတဲ့ အဖြစ်..
ညခါးခါးတစ်ခွက် တော့ ထပ်မသောက်ချင်တော့ဘူး..
အော် …ညဆိုတဲ့ အဓိပါယ်ကို
ကော်ဖီတစ်ခွက်ကုန်မှာ ခါးမှန်းသိတော့တယ်…
Comment #1
a pay a u ma te tar htone san lo taung phyit nay p.