ည(၁၄)
ငါအခု သတိရနေတာလား?
သတိရတယ်ဆိုတဲ့ အရသာ ခံရတာ မလွယ်ဘူး..
အက်ကွဲကွဲ စို့နစ်နစ်နဲ့
ရင်ဘတ် တစ်ဖက်က ဟာပြီး
တစ်ဖက်က နာသလိုလိုပဲ..
ဘယ်လို ပြရမှန်းမှန်းလဲ မသိ
ဘယ်လို ခြွေရမှန်းမသိနဲ့
ပင်မြင့်ထက်မှာ ဒီအတိုင်းပဲ
အလှ ကြည့်လို့ ကောင်းကောင်းနဲ့
မေ့လျော့နေလိုက်တာများ…
စကားလုံးက နှစ်လုံးထဲ..
အော်..
သူများ လက်ညိုးငေါက်ငေါက် ထိုးချိန်ခြင်းထက်
မင်းနှုတ်ခမ်းလေး မဲ့သွားမှာက
ငါအတွက် ကမ္ဘာပျက်သလိုပါ…
ကမ္ဘာကြီး လည်နေတာ မဟုတ်ဘူးလို့ ပြောရင် ယုံရင် ယုံအုံးမယ်…
မင်းကြောင့် ငါနှလုံးသွေးတွေ လည်နေတာတော့
ငါကိုယ်တိုင်တောင် တစ်ခါတစ်ရံ မယုံချင်ဘူး…ဟူး…
လောကရဲ့ အလှအပတွေထဲက
နံနက်ခင်းရဲ့ လတ်ဆတ်တဲ့ အငွေ့ဓါတ်ကို
ရင်မှာပိုက်လို့လည်း လှပဖူးပါတယ်..
ညနေခင်းရဲ့ ပန်းနုရောင် ပွင့်ဖတ်တွေ
ဖြန့်ကျဲထားတဲ့ ကောင်းကင်ကိုလဲ
မျက်လုံးအိမ်ထဲ ဆွဲသိမ်းလို့ လှပဖူးပါတယ်..
ဖြိုးဖြိုး ဖျတ်ဖျတ်နဲ့ တလက်လက်ထနေတဲ့
မိုးပြင်ကြယ်ကြီးထက်ကိုလည်း
ခေါင်းကလေး မော့လို့ မင်သက်စွာ
လှပဖူးခဲ့ပါတယ်…
အခုတော့
သတိရစိတ်နဲ့ ညတိုင်းက
မလှပဖူးဖြစ်နေတယ်..
ဒီနေ့လဲ မလှပတဲ့ ညတွေ
ခရီးဆက်မှာ အမှန်ပဲ…အော်…
Comment #2
thz so much.
thz do much.
same feeling.
really nice.
Comment #1
ငါအခု သတိရနေတာလား?
သတိရတယ်ဆိုတဲ့ အရသာ ခံရတာ မလွယ်ဘူး..
အက်ကွဲကွဲ စို့နစ်နစ်နဲ့
ရင်ဘတ် တစ်ဖက်က ဟာပြီး
တစ်ဖက်က နာသလိုလိုပဲ..
အခုတော့
သတိရစိတ်နဲ့ ညတိုင်းက
မလှပဖူးဖြစ်နေတယ်..
ဒီနေ့လဲ မလှပတဲ့ ညတွေ
ခရီးဆက်မှာ အမှန်ပဲ…အော