ကာရံ မညီတဲ့ ည
ဒီတညနေ့လဲ နေ၀င်သွားတာကို
မယုံကြည်ရဲသလို ငါရှေ့မှာ ငါပြန်ခေါင်းငုံနေခဲ့ရတယ်..
ကာရံရဲ့ စကားလုံးတွေဆိုတာ
ကြည်နူးစရာ လွမ်းဆွေးစရာ ပျော်ရွင်စရာတို့ရဲ့
အရှင်သခင်ပဲ မဟုတ်လား
ဦးညွတ်ထားတဲ့ ငါလဲ
ကာရံ တံတားလေး ခင်းထားလို့
ခံစားချက်သက်သက်ရဲ့ အဖွဲ့အနွဲ့တွေကြားမှာ
စကားများတဲ့ သင်ပုန်းကြီးတစ်ချပ်လို ဖြစ်နေပြီ..
ညနေကတဲက
စကားလုံး တစ်လုံးလွဲနေသလို
အရောင်အဆင်း ကင်းတဲ့ ပြဿဒါးတစ်နေ့လဲ ပြုတ်ကျလာခဲ့တယ်..
မာယာမဟုတ်တဲ့ မင်းရဲ့ နွေးထွေးမှု မှာ ငါလဲကျခဲ့တာ ကြာပါပြီ..ဘယ်အချိန်ကထဲက စိုးမိုးထားသလဲလို့ ပြန်မေးတိုင်း
ဖြေရှင်းချက်မရှိခဲ့တဲ့ ပုဒ်စာက မေးခွန်းတွေ တန်းစီထွက်လာခဲ့ပေါ့…
၁။မာယာများတာ မင်းလား? ကံတရာလား?
၂။ဒဏ်ရာဆိုတာ အချစ်လား?
၃။သတိရတယ်ဆိုတာ အလွမ်းလား?
၎။ရင်ခုန်သံဆိုတာ ရူးသွပ်ခြင်းလား?
၅။ရင်မဆိုင်ရဲတာ သံယောဇဉ်ကြိုးလေး ပြတ်သွားမှာ စိုးလို့လား?
“လူတစ်ယောက် ဖြတ်လျောက်သွားတယ်”
“စကားတစ်ခွန်းခြွေတယ်”
“မင်းမာယာ မများနဲ့တဲ့”
ကျွန်တော် ပြန်ပြောချင်လိုက်တာများ…
“ကံတရားက မာယာများတာကော” လို့
ဖြေရှင်းစရာ စကားလုံးမရှိဘူး..
အတိတ်တွေထဲက လွဲနေတက်တာ
အရိုးစွဲနေလို့လား မသိ
ဝေဒနာလို့ ပြောတိုင်း နာကျင်တက်တာ
ဝလုံးကလေး မ၀ိုင်းမချင်း
အစကနေ ပြန်ရေးခိုင်းတက်တဲ့
ဆရာမရဲ့ သြ၀ါဒတွေလို
သတ်ပုံမှားခဲ့တဲ့ ညတွေအဖြစ်နဲ့လဲ တစ်မျိုး
ကြမ်းပြင်ကြီးကို မကြေမချင်း နင်းချေချင်လိုက်တာများဗျာ..
Comment #1
koh ko kou sate sin yin aung phan ti tway khaw nay tar ko.
he,,he,,
phyu sin de myit tar ko bar ne hma a yaung soe loh ma ya bu.
koh kou ko lane tar a soe song pe.