မင်းအတွက်
ဒီနေ့တော့ မိုးပြင်ကျယ်ကြီးကို မကြည့်တော့ဘူး..
ကြယ်ကလေးတွေ ဘယ်လိုပဲ လက်လက် ငါမော့မကြည့်ချင်တော့ဘူး..
အကြောင်းက မခစားချင်လို့…
ရင်ဘတ်မှာ ကပ်ထားတဲ့ ဂစ်တာတစ်လက်နဲ့
စာသား တစ်ဝက်လောက်က
ခိုးလိုးခုလုဖြစ်လို့….
အော် အခု..
ငါ့ နှုတ်ဖျားနဲ့ လျှာဖျားမှာ ခလုတ်တိုက်နေပြီ..
ငါအတွက် အချိန်တွေ ပျောက်ဆုံနေ၏…
ငါရဲ့ အတွေးတွေ အပိုင်းစိုးထား၏..
သတိရတယ် ဆိုတဲ့ စကားလုံးကို
ညပြင်မှာ ခင်းလို့ အရသာခံတုန်းလဲ
နင်းထားတဲ့ သံယောဇဉ်ဗုံးတစ်လုံးက
အုန်းကနဲ ထပေါက်ခဲ့၏..
နေလယ်ခင်းတုန်းကဆိုရင်
ဖြာကျနေတဲ့ ခရမ်းလွန်ရောင်ခြည်အောက်မှာ
လျောက်နေတုန်း
အသွေး အသားထဲ တောင်းတခဲ့တဲ့
အနွေးဓါတ်လေးက ခရမ်းရောင်ရင့်ရင့်ရဲ့ ဥပက္ခာ
တမ်းချင်းတွေလိုပဲ ရင့်ရင့်သီးသီးနဲ့ ဖြစ်၏…
ငါအတွက်…
ကဗျာဆိုတာ အလွမ်းရဲ့ အဖြည့်ခံသက်သက်ပါ..
မနမ်းတွေ မပိုင်ဆိုင်ချင်ပါဘူး..
ငါရဲ့ တောင့်တစိတ်ကလေးက
ကြည်ကြည်လင်လင်နဲ့ပါ..
နောက်ပြီး
စမ်းရေလေးလိုလဲ အေးလို့ပါ..
ချစ်သူရယ်…
ငါမပိုင်သေးတဲ့ ကဗျာတွေကို
မိုးပြင်ကျယ်ကြီးထက်မှာ မရေးပါရစေနဲ့..
နှလုံးသား ကြမ်းခင်းထက်မှာပဲ
မှတ်ကျောက်အဖြစ်ရေးထားမယ် ..
ငါကဗျာက မင်းအတွက်ပါ..
Comment #2
wow,,,,,,,,,
sound great.
Comment #1
အရမ်းသဘောကျပါတယ် ကဗျာလေးကိုပါ နောက်လဲ အားပေးနေမယ်နော်