သိပ်သည်းဆ
ပျင်းပျင်းရှိတိုင်း လျောက်တဲ့လမ်းမှာ
တဖက် တချက်ဆီ
ရေအိုင်တွေ ပြည့်လို့..
ဟိုရှေ့ တူရူမှာက..
တမာပင်အိုနဲ့ မီးလုံးပြာပြာချိတ်လျက်..
ရင်ထဲ ကြည်ပြာရောင် ဂယက်ကလေးက
တလှုပ်လှုပ် ထင်ရသား..
ငါခြေလှမ်းတွေက
မင်းဆီပဲ လှမ်းနေမိခဲ့တယ်..
နှလုံသား ထုထည်က မထူလေတော့
အလွမ်းရဲ့ သိပ့်သည်းဆ ကို ဘယ်လိုတိုင်းလို့ရနိုင်မှာလဲ..
ငါကိုယ်ငါ ရေထဲ နှစ်လို့
လိမ့်ဆင်းလာမဲ့ မြတ်နိုးခြင်းတွေပဲ
မင်းတန်ဖိုး ဖြတ်လိုက်..
အဲဒါ ငါပေးနိုင်တဲ့ သီအိုရီပဲ…
Comment #2
har,,,
mike de kwar.
ta koh lone pay hmar pop naw?
he,,he,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပျင်းပျင်းရှိတိုင်း လျောက်တဲ့လမ်းမှာ
တဖက် တချက်ဆီ
ရေအိုင်တွေ ပြည့်လို့..
ဟိုရှေ့ တူရူမှာက..
တမာပင်အိုနဲ့ မီးလုံးပြာပြာချိတ်လျက်..
ရင်ထဲ ကြည်ပြာရောင် ဂယက်ကလေးက
တလှုပ်လှုပ် ထင်ရသား..
ငါခြေလှမ်းတွေက
မင်းဆီပဲ လှမ်းနေမိခဲ့တယ်..
နှလုံသား ထုထည်က မထူလေတော့
အလွမ်းရဲ့ သိပ့်သည်းဆ ကို ဘယ်လိုတိုင်းလို့ရနိုင်မှာလဲ..
ငါကိုယ်ငါ ရေထဲ နှစ်လို့
လိမ့်ဆင်းလာမဲ့ မြတ်နိုးခြင်းတွေပဲ
မင်းတန်ဖိုး ဖြတ်လိုက်..
အဲဒါ ငါပေးနိုင်တဲ့ သီအိုရီပ