တစ်ခါတစ်လေ
မျှော်လေတိုင်း ဝေနေရသလိုပါပဲလား
ရှေ့က ပြတွင်းပေါက်ကို ဖြတ်ကြည်မိတော့
အုန်းလက် အဖျားတွေက ယိမ်းလို့
ညိုစိုင်းစိုင်း တိမ်လွာတွေက.. ဟိုးအနောက်မှာ..
ဝတ်ရုံ တဖါးဖါးနဲ့…
မိုးစက်တွေလဲ ပြန်ကျဲလို့
ငါ့အမြင်တွေထဲ လေပြင်းတွေက
ကရောကပါး…
အော်…
တစ်ခါတစ်လေ ရွာတဲ့မိုးလဲသည်းတာပဲ
တွေဝေ ထိုင်ငေးရင်း
ပြန်ကျဲနေတဲ့ စိတ်တွေ
တစ်စဆီ လိုက်ကောက်လို့
ဆေးပြင်းလိပ် တစ်လိပ်နဲ့ အတူ
ငါ့ရှေ့မှာ သတိတရတွေက
ယိုဖိတ်နေဆဲ
တစ်နေရာဆီ ဝေးနေပေမဲ့
ကဗျာမဆုံးခင် ဒီနေရာမှာ
အလွမ်းချင်း ဆုံခွင့်ရရင် ကောင်းမယ်
အခုတော့ မိုးပြန်သည်းလာတာကို
လွမ်းရင်းနဲ့ ငေးနေရတုန်းပဲ…..
Comment #2
huh,,,,,,,
miss someone so much
Comment #3
“တစ်နေရာဆီ ဝေးနေပေမဲ့
ကဗျာမဆုံးခင် ဒီနေရာမှာ
အလွမ်းချင်း ဆုံခွင့်ရရင် ကောင်းမယ်”
ဟုတ်တယ်နော် ။ အလွမ်းချင်း ဆုံခွင့်ရချင်တယ် ။
“တွေဝေ ထိုင်ငေးရင်း
ပြန်ကျဲနေတဲ့ စိတ်တွေ
တစ်စဆီ လိုက်ကောက်လို့
……………………………………..
ငါ့ရှေ့မှာ သတိတရတွေက
ယိုဖိတ်နေဆဲ”
ကြိုက်မိတဲ့ စာသားလေးတွေပါ ။
Comment #1
wow,,,,
so romantic.