မရေရာခြင်း
ပေါ့ပါးတဲ့တိမ်တစ်စလိုလွှင့်မျှောချင်မိတယ်.
တိမ်သွားရာလမ်းကြောင်းပေါ် လမ်းဆုံးရောက်လိမ့်နိုးနဲ့
လျှောက်နေမိတာလဲအကြိမ်ကြီမ်…
မလဲပြိုအောင် မာန်တင်းအံကြိတ်လို့
တိမ်သွားရာလမ်းကြောင်းကိုမှ ရွေးချယ်မိမှတော့
လျှောက်လှမ်းရတာဘာဆန်းမှာလဲ…..
လေတွေကိုအကြိမ်ကြိမ်ဖမ်းဖို့ ဆုပ်ကိုင်မိတဲ့
လက်တစ်စုံမှာလဲအင်အားတွေထည့်ထားတယ်…
တောင်ကြီးကိုလဲပြိုအောင်ယုံကြည်ခြင်းဆိုတဲ့
ခဲငယ်လေးနဲ့ ပေါက်နေမိတာလဲအကြိမ်ကြိမ်……….
ပုံစံခွက်တစ်ခုထဲ ရေတွေကိုထည့်ရင်း
ပုံသဏန်ပြောင်းနေမိတဲ့ငါ့စိတ်တွေကိုအစာကျွေးရင်းပေါ့.။
Comment #2
တကယ်မရေရာတာပဲ..ဒါပေမယ့် ရေရေရာရာအားပေးသွားပါတယ်။
By: poem.poem28 at Nov 2, 2011
Comment #4
ပြန်လည်အားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ်.
ရွှေကြယ်မိုးကဗျာတွေကိုလဲဝင်ရောက်ဖတ်ရှုသင်ယူပါ့မယ်…….
By: May Kha at Nov 3, 2011
Comment #6
😛
By: ei lay at Jul 21, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်