ဆွေးနွေးဖြစ်သွားတဲ့ ကမ္ဘာ့ သားကောင်းများ အကြောင်း
ဆွေးနွေးတဲ့ ကမ္ဘာ့ သားကောင်းများ အကြောင်း
( ဒီအကြောင်းရေးရမှာတော့ ခပ်လန့် လန့်  ပဲ…)
ဝီလီယမ်မင်းသားလေး က
ဟိုကောင်မ( ကိတ်မင်းသမီးလေး) ကို
ရည်းစားစကားပြောခဲ့ ပါတယ်…….
(နင့်ကိုငါ —-ဘာညာဘာညာ)
ငလျင်နဲ့ ဆူနာမီကလည်း
ချစ်တင်နှောခဲ့ဖူးပါတယ်
(ဘာညာဘာညာ ပေါ့နော့)
ရှာဖွေ မှုမလျော်ညီတော့ ဇတ်ပေါင်းစုံနဲ့ စာရင်းဇယား
အနုပညာတွေကို
(ဘာညာ ခဲ့ဖူးပါတယ် ) ပေါက်ကရေ၇းတာကိုပြောတာ
ညွှန်ကြားချက်တွေ
အသုံးအဆောင်တွေ ကို စိတ်နဲ့ ဖန်တီးခဲ့ တဲ့ အဟာရတွေ
အပြန်အလှန် သေဒဏ်ပေးနေတာတွေကို
မြေအောက်ကနေ ဟို လူကြီးကတော့ မိန့် မိန့် ကြီး ထိုင်ကြည့်နေလေ ရဲ့ 
ကလေးတစ်ယောက် ဦးနှောက်တွေ
ဂျီးများတဲ့ ကဗျာတွေကို
ရှေ့ သွားနောက်လိုက်ဖြစ်ဖို့ ……….
“ အော် ငါ့နယ်နော် ဗီသိုဗင် ကိုလဲ ဖားရသေး ”
(၇) ရက်လျှင် ငါ့အတွက် သေနေ့ ချည်းပါပဲလို့ တွေးမိတဲ့ 
သမားတော်တွေ
ဒေါက်တာတွေ ၊ ဖတ်စရာ ၀ တ္တုတိုပေါင်းချုပ်တွေ ၊
အားလုံးကို………………..
စုပေါင်းလို့ 
လက်မောင်းမှာလဲ
“ ခွန်ချို ၊ ခွန်ချာ ” တက်တူး (Tatto) တွေ ထိုးလို့ ……
စိတ်မချမ်းသာအောင် အဲ့သည့် ..အဲလ်ဘမ်( ပလက်တီနမ်) တွေအကြားမှာ
“ဇေယျလင်း တစ်ယောက် ( အရက်သမား =အာမခံ ) ”
ဒီအချိန်ဆိုရင် …… ၀တ်မှုန် ရွှေ ရည်လေး ကိုလည်း လွမ်းနေလောက်ပြီလေ…………..
သူ့ စိတ်ထဲမှာ လဲ ထိုမိန်းကလေးကို
(ဘာညာလို့ ) ………
“ ၂၀၁၁ မှာ ကိုမာမူးကြီး….ခင်ဗျားဘာလုပ်မလဲ …..” လို့ မေးတဲ့ အခါ
( မျောက်ရှုံး လေသံနှင့် )= five star အငြိမ့်ကြည့်ဖူးသူများသိပါလိမ့်မည်
“ အေး … ငါကတော့ ကွမ်းယာကို နှပ့်စေးထည့်ပြီး ပိုက်ဆံတောင်းမယ်..”
“ငါ့ညီ …၃၅ လမ်းမှာ ဘာညာအလန်းလေးတွေ လဲအသစ်ရောက်တယ်ဆိုပဲ”….( ဂိမ်းခွေ ပြောတာပါ..)
တကယ်တမ်းတော့လဲ ဆွေးနွေးမိတာ ကဘာမှလည်းမဟုတ်သလို မျိုး……
အဲ့ဒါနဲ့ ငါ့ဘေးနားက မိုးယုစံ ဘယ်ကိုထွက်သွားရပြန်တာတုန်း……………..
…..(လေတိုက်လို့ လွင့်ပါသွားသော ဓါတ်ပုံ )
Arker 8:15 Pm
2/11/2011
Comment #3
ကမ္ဘာ့သားကောင်ထဲမှာ မေခနာမည်မပါလို့သိပ်မကြိုက်ဘူး…
😛 😛
Comment #6
အစ်ကိုကဗျာတွေကို အားပေးနေသူတစ်ဦးပါ
ကျနော့ဆီကို ကဗျာလေးတွေ ပို့ပေးစေချင်တယ်
ဖြစ်နိုင်ရင်ပေါ့ဗျာ
ကဗျာတွေကို ရေးပေးတဲ့အစ်ကို ကို ကျေးဇူးတင်ပါတယ်
Comment #1
အစ်ကိုရာ….
ကျွန်တော် ဖတ်ချင်လွန်းလို့ မနက်ကတည်းက ထိုင်စောင့်နေလိုက်တာ
ညမှ ပဲတင်ဖြစ်တော့တယ်.
တော်တော်ကောင်းတယ်ဗျာ ထပ်ရေးပါဦး
အားပေးဦးမယ်ဗျ
ဂျီးများတဲ့ ကဗျာတွေကို
ရှေ့ သွားနောက်လိုက်ဖြစ်ဖို့ ……….
“ အော် ငါ့နယ်နော် ဗီသိုဗင် ကိုလဲ ဖားရသေး ”
ဒီအပိုဒ်ကိုကြိုက်တယ်ဗျာ