“ ၀ ” …အထာ
ချစ်သူက လှမ်းတင်
ငါက လုံးကြီးတင်.. .( –ိ)
ချစ်သူက ချဆွဲ
ငါက (အေးဆေးပဲ ) ‘ ၀ ‘ ဆွဲ.. .(–ွ)
တစ်ခါတစ်ခါ လှမ်းမေးသေးတယ်
( ၀ွ ) ၀ လုံး ၀ဆွဲတော့ ဘာအသံထွက် ဆိုတာမျိုး…?
ငါလဲ ….
မင်းထားရာ မှာနေ………..
မင်းစေရာတွေ …စားခဲ့ ပေမယ့်
နင်မလို တဲ့ အခါမှာ
အဲ့ဒါ .မြန်မာလိုလဲ (သုည )
အင်္ဂလိပ်လိုလဲ … (Zero .)
နုံအတဲ့ အသီးတစ်မျိုးပဲ…….လို့ သာ
( မျက်တောင်မခတ်လျှက်…)
ပြောခဲ့ ပေါင်းလဲ….(၂၀၀၀ ) ခုနှစ် ကတည်းကနော်……..
ကိုယ်တိုင်ဝန်ခံချက်.. သူငယ်ချင်း၏ကဗျာတစ်ပုဒ်
ပြန်လည် ပြင်ရေးပေးထားသည်…
[email protected]
Arker 5: 34
3 /11/ 2011
Comment #2
so nice.
Comment #1
ကောင်းပါတယ်.ဒါလဲတမျိုး