ဆောင်းရာသီ လူရိုင်းများ….
လူ…….တစ်ယောက် ၏ အထာ…
(——) အကြောင်းများ…..
ငါ့တွင် ရှိသော ယဉ်ကျေးမှုတွေ ကို
ချက်စားကြည့်မိသေး……(ဒါကို ၀က်သားနဲ့ ရောလို့ ..)
လေပွတာတွေ ဖြစ်တော့ ဆင်နားရွတ်ကို ပြုတ်သောက်မိပြန်သေးတယ်…….
အနေတော်လေးဖြစ်အောင်လို့ဆိုပြီး
အိုင်းယွန်း…၊ကော့ပါး…၊ ဆာလဖာတွေကို….
မင်နရယ် သတ္တုတွေ မပါတဲ့……..နေ.. (the sun )
ပေါ်ကို ..ခပ်တည်တည်နဲ့ ပို့ ကြည့်တဲ့ အခါ…….အလဲ့ 
ရေ အရင်းအမြစ်တွေ မှန်သားတမျှ… ..(တိုးဟူး အရသာ )လောက်ကို……
ခါးသေးတယ်ဆိုပဲ…………..(တစ်နေ့ နေ့ က ..)
Sweet……., ဆိုတဲ့ ချို သာသော…..(ဂေါက်သံများ)
ကို………………
အက်ကွဲနေတဲ့ သစ်ပင်..(ပလပ်စတစ် ) သစ်ပင် ဆီကို…..(၈၉) ခါလောက်
“ ပစ်သွင်းကြည့်မိသေးတယ်…”
ဘယ်ကလာ…..မဟုတ်က ဟုတ်က….။ဒါဆို …ငါတော်တော်လေး…..
လောဘကြီးပြီပေါ့……..
(ဒါက ငါ့အထင်လေ…)
အလှ တွေ ကို အိုးထဲမှာ ဆိုက်ပျိုးလို့ …….(အချည်းနှီး…)
မြေပေါ်မှာ ထင်ကျန်တဲ့ ဒဿ နတွေကို………
(ငါဘောင်ခတ်မိလိုက်သေးတယ်လေ….)
never…born….., ဒါဆို….လက်နက်ချကြည့်လိုက်လေ……
ငါအချိန်တွေ ပေးထားတာပဲ……
နာဇီ…(ဘဲကြီး) လိုမျိုး ကတုံးကြီးလည်းတုံးလို့ ……(၂၃–၃၂)
“”အေးအတူ…ပူရင် နင်ခံ….” …..လေ……
(သိပ်အရသာရှိဆိုပဲ…….)
ငါလဲ…..ငါ့အလွမ်းတွေကို…….ချိန်ခွင်ထဲ ထည့်ကြည့်မိဘူးသေးတယ်……
ရုပ်ဆိုးလို့ ဘက်လိုက်တော့……တော်သလင်း..လ…(Dog)ခွေးမလေးတွေက ..
ငါ့ကိုလှောင်ပြုံးကြီးပြုံးလို့ ….ပေါ့…….
သာယာခြင်း….အလှတရားတွေ လေ…..
( မိတ်ကပ်ခင်စန်းဝင်းကလည်း ရီပြလို့ …)
ကောင်ကင်က ရောင်ခြည်တွေ ကို…..ငါ….
ပလာတာလို စားပြီး….ရွှေယုန်လေးကို လှမ်းကြည့်မိတော့..
ဟို ဘဲကြီးက ( အဖိုးအို ) ငါ့ကို လှမ်းကလော် တုပ်လိုက်သေး တယ်……….
ဒါက အသွင် သဏ္ဍန်လေ…..
.ဟဟ…ငါက မင်းအဖေပါကွာ….တဲ့ …………..
အော်…..ဆို လို့ လဲ ငါက မရတော့……………………
ငါမသိချင်လို့ လှေကားအောက်မှာဇောက်ထိုးကြီး
ပလက်ထိုင်ကြည့်လိုက်တော့…(တော်တော်ခက်ခဲသည်…)
အတူစားအတူနေခဲ့တဲ့ …( မိန်းကလေး တစ်ယောက်..) က…ငါ့ကို ..
ရင်ခုန်လို့ ဆိုပြန်တယ်……….
နောက်မကျသေးတဲ့ နာရီရယ်…
..အိပ်ခန်းက ပူနေတယ်……ကုတင်ပေါ်မှာလဲ..
အလောင်းကောင်ကြီးက ပုပ်ပွ လို့ ………..
ဒါနဲ့ ..ငါ ……..ပြန်အသက်သွင်းလိုက်ရသေးတယ်…………..
ငါကိုယ်တိုင်လဲ လူရိုင်းတစ်ယောက်ဖြစ်သွားတယ်………………………
[email protected]
Arker 7:25 ..3/11/2011
Ps ဤ ကဗျာ နှင့်ပတ်သတ်၍ ဝေဖန်မှု ကြားချင်ပါသည်။
( ပတ်ပတ်ဆက်ဆက် ကြားချင်ပါသည် )။ထို့ ကြောင့်
ကွန်းမန့် ရေးပေးပါ .. မေးခွန်းများတော့မမေးပါနှင့် မရှင်းပြတက်လို့ ပါ…
Comment #1
အရင်တပုဒ်လောက်တော့ မကြိုက်ဘူးခင်ဗျ
( ) တွေလည်း နည်းနည်းများနေတယ်ထင်တယ်
အားပေးနေပါတယ်