အဝေးဆုံး………….
တချိန်က
အနီးဆုံးအချစ်တွေ ထပ်တူတကျ
ချစ်ခဲ့ရတဲ့ ရက်လေးတွေက
မြူမှုန်တွေ ပျောက်ရှသလိုပါလား
ဝေးရမယ်လို့ ငါမယုံကြည်ခဲ့သလို
ငါ့အနားမှာ နင်ရှိမှာဘဲလို့
သေရာပါမှတ်ခဲ့တာက
တကယ်တော့
အိမ်မက်တစ်ခုသာဆိုယင်ကွယ်
အဝေးဆုံးသွေးမှာ အနီးဆုံး
ချစ်ခဲ့ပါရစေ
အဝေးဆုံးက ချစ်သူရယ်…………..
Comment #2
ခံစားချက်တူနေလို့ ကြိုက်တယ်နော်ဒီကဗျာလေးကို။
By: cherry at May 18, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
I like this poem. It show the real in the mind and soul.