ေ၀၀ါး
ချစ်သူ…
အပြုံးလှလှ မဖန်ဆင်းပါနဲ့
နှလုံးသားလေး မနေတက်မှာ
စိုးရိမ်လို့ပါလေ…
တစ်ခါတစ်လေ..
နွေသံသရာရဲ့အောက်မှာ
ပူလောင်တာ မဆန်းပေမယ့်
စိတ်အတွေးတွေထဲဝယ်
တမာပင်စိမ်းရဲ့ လေပြေတွေ
အလေကျ ၀င်လာနေတာမို့
ငါရှေ့မှာ….
မင်းရယ်သံတွေနဲ့ မလှောင်ပါနဲ့…
ဖွင့်ဟ၀န်ခံဖို့ထက်
မြိုသိပ်နေတာဟာလည်း
ပိုပြီးလေးနက်ကောင်းပါရဲ့….
တစ်ခါတစ်လေ..
ညဟာ နေ့ထက် သာလွန်ကောင်းပါရဲ့
အခုလည်း…တစ်ယောက်ထဲ
ညစဉ် ညတိုင်း အလွမ်းတွေ
ဖျော်ဖြေနေရဆဲပါ…
လှုပ်ရှားနေတဲ့ နှလုံးသား
မြိုသိပ်နေတဲ့ ဆင်ခြင်တရား
ဘယ်ရောက်မှန်း မသိတဲ့
အမှန်…နဲ့ …..အမှား?
အဖြေတွေမသိသေးတဲ့
ရင်ခုန်ခြင်းရဲ့ ကြိမ်နှုန်း
အသွားအပြန်မရှိတဲ့
မျှော်လင့်ခြင်းရဲ့ အဝေးဆုံး
တစ်ဘက်က…..အလွမ်းတွေ(ဒဏ်မခက်ပါနဲ့)
နောက်ဆုံး….
ပင်သက်ကြွေသံရဲ့နောက်က
ကျရှုံးနေတဲ့ အိပ်မက်တွေရယ်
မမျှော်လင့်ရဲတဲ့ ဘ၀နဲ့ပဲ
စံပယ်ဖြူတစ်ပွင့်
နမ်းခွင့်ရချင်ပါတယ်….
Comment #2
heart hti twar p.
kyike de.
a yan kyike de,

Comment #1
ဖွင့်ဟ၀န်ခံဖို့ထက်
မြိုသိပ်နေတာဟာလည်း
ပိုပြီးလေးနက်ကောင်းပါရဲ့