မနက်ဖြန်
ပြတ်ရှလွယ် ကျိုးပဲလွယ်တဲ့
ရက်စွဲတွေ တစ်ရွက်ချင်း
စုတ်ဖြဲပြစ်ခဲ့တယ်
ဒီနေ့မှာ
မျက်လုံးတွေ ဖွင့်မရရင်လည်းနေ
နောက်တစ်နေ့လည်း
ဖြစ်ချင်သလို ဖြစ်ပစေ
ဘ၀ကို နယ်ရုပ်တစ်ရုပ်လို
အထိုးကျွေးတော့ မခံနိုင်ဘူး
ရသမျှ ပေးသမျှကို
လွမ်းလွမ်းဆွေးဆွေးနဲ့ မတောင့်တတော့ဘူး
အေးစက်လွယ် နင်းခြေခံရတဲ့
အချိန်တွေက ကျောခိုင်းခဲ့ပြီးရင်
လုံးဝန်းတဲ့ နေရက်တွေ တစ်ပတ်ပြန်မလာခင်
ကွဲကြေနေတဲ့ နေရက်တွေထဲက
ဖောက်ထွက်ခဲ့မယ်….
ဘ၀ကို ပုံဖော်လို့……
Comment #2
right,,,
u r the master of urself.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်