ည(၁၅)
ဒီညကတော့
စိတ်ရဲ့ စေရာ လားရာက
တအုံအုံ တနွေးနွေးနဲ့
ကောင်းကင်ကို မော့ကြည့်တော့
တိမ်တောင် တိမ်စိုင် တိမ်လိပ် တိမ်မျှင်
အသီးသီး ပတ်ဝိုင်းလို့
ကြယ်ကလေးတွေလဲ
ဟို တစ်ပြောက် ဒီတစ်ပြောက်..
ဒါပေမယ့်
လမင်းလေး ပေါ်မလာဘူးဗျ..
ညပြင်ကြီးထဲ ၀ဲပျံလိုက်ချင်တယ်
လှလိုက်တာများ..
တိမ်တွေကွပ်ထားတဲ့
အနားသတ်လှပတဲ့ည
ခြားနာတာက ဟာနေတဲ့ ရင်အစုံ..
အော်..အလွမ်းက ပြန်ပေါ်လာခဲ့တယ်..
တစ်ခါတစ်ခါ လမင်းလေး မရှိပဲ
မြှားနေတက်တဲ့
သတိရခြင်းတွေက
တစ်ခါတစ်ခါ စိတ်ရဲ့ ၀ိညာဉ်တွေ
လည့်စားတက်လို့
ချစ်သူရဲ့ လေသာ ပြတင်းပေါက် အရောက်
ပေါက်ချလာခဲ့တာ ဒီညပါ..
တိုးတိုးလေ ခေါက်တယ်..
“ချောက်” ကနဲ့ နဲ့ တွန်းဖွင့်လို့
လစ်ခနဲ ပြုံးပြတယ်
ဦးစွာ လေနုအေးကို ဖြစ်တယ်..
နောက်တော့ ကြယ်ကလေးတွေ ဖြစ်တယ်..
နောက်တော့ ရင်သတ်ရှူမောတဲ့ ညပြင်ကြီးကိုဖြစ်တယ်..
ကျွန်တော့ရဲ့ စိတ်ဝိညာဉ်ကို မြင်မသွားခဲ့
အော်..
ဒီညလဲ ငါမင်းကို လွမ်းနေတာလဲ
မင်းမြင်မသွားပြန်ဘူး ချစ်သူရယ်..
Comment #1
inn,,,
nice poem