မြေခွေး တစ်ယောက် ၏ မှတ်စု
ငါ ကောက်ကျစ်ခဲ့ဖူးသည်………….
ငါ့တစ်ကိုယ်လုံး…….
‘ နွေ ‘ တွေ ရွှဲ လို့ ……..
လက်ပစ်တွေကို အကြိမ်ကြိမ်ကူးမိနေ……..
ဘ၀တွေလဲ
‘ ဟင်း ‘ ထဲရောက်လို့ 
သေဆုံးချိန်တွေ ငါထိုင်စောင့်………..
ကျောင်းစာတွေ ကျက်စာတွေလဲ
‘ ကဗျာ ‘ တွေထဲ ရောက်လို့ ………
ဆရာရိုက်ဖို့ …ငါက(အဆင်သင့်)
—င် လှန်ပေးထားတယ်…………..
အမြဲတမ်း
အိပ်ပျော်ချင်ယောင်ဆောင်
နေပေမယ့်…………………….
ငါ့စိတ်ထဲမှာ………
(. . . . . . . . . . . ) =ကောက်ကျစ်မှုတွေ တန်းစီလို့ 
ဘယ်သူမှလဲ
ငါ့ကိုအရေးမလုပ်လို့
ငါခေါင်းတခြမ်း ရေထဲနှစ်ဖူးသေးတယ်လေ…
(လည်ပင်းအထက်မှ ပေါက်လို့ ပဲစား- ကဗျာမှ …)
အသက်အရွယ်တွေ ရင့်ကျက်လို့ 
အချစ်တစ်ခုကို ငါလိုအပ်ပြန်တော့
ငါလုံးဝ ( လုံးဝ) လိုက်မရှာမိခဲ့ ဘူး…………
ငါ့ကိုလည်း ဘယ်သူမှ ပြန်မချစ်နိုင်မှန်း
ငါသိလိုက်လို့ ……………….
ငါတစ်ယောက်တည်း ကောက်ကျစ်ခဲ့ဖူးသည်…………
(ငါသည်…..ဆင်းရဲသည်
အားငယ်တက်သည်
ရုပ်ဆိုးသည်
စာမေးပွဲခဏခဏကျသည်
လူလိမ်တစ်ယောက်လည်းဖြစ်သည်………….။)= ကောက်ကျစ်ခြင်းတစ်ရပ်
ငါ ကောက်ကျစ်တဲ့ လူတစ်ယောက်မို့ 
နင်
အပြုံး များနှင့်သာ…. ခ၀ါ…ချလိုက်ပါ….(သို့ )
(အပြီးအပိုင် ငြင်းလိုက်ပါ….)
ဒါက မြေခွေးမှတ်စု ….တစ်ခုအဖြစ်သာ……..
နင်= ဆယ်ကျော်သက် မိန်းကလေးအားလုံး
အပြုံး= ကောက်ကျစ်သောအပြုံး…
“ ကိုမြေခွေး…ခင်ဗျား.. ကောက်ကျစ်တဲ့ 
အတက်ပညာတွေ ကို ဘယ်ကနေ တက်မြောက်ပါသလဲ..”
“ ခင်ဗျားမေးခွန်းကို မဖြေနိုင်ဘူး….”
ရယ်လိုက်ရင်းနဲ့ …
“ ခင်ဗျား မေးခွန်းက ကောက်ကျစ်တယ်….”
( တာရာမင်းဝေ ကဗျာမှ တစိတ်တပိုင်း.ချဲ့ ရေးသည်..)
Arker 12:55 Pm
<!–[CDATA[ /*
Arker 12: 38
5 /11/ 2011
မှတ်ချက် ။ ။ရည်းစားဘ၀တွင် အချစ်လိုသည်…။
အိမ်ထောင်ဘ၀တွင် ကောက်ကျစ်တက်ရန်လိုသည်……..။–>
Comment #2
he,,he
u r right,,phyu phyu
Comment #5
အယ်.
ရေးတတ် လိုက်တာနော်… (စာကြောင်းတွေ ဝေးနေလို့ ရှင်းရှင်းလင်းလင်းကြီးဖတ်ရပါတယ်)
ပုံစံကလည်း တစ်မျိုးနဲ့.. ဘာဘဲဖြစ်ဖြစ်… ဒီနေရာကနေ ကဗျာဆရာကို အားပေးလိုက်ပါတယ်
Comment #1
မြေးခွေးတစ်ယောက် ၏မှတ်စုလို့မပေးသင့်ဘူး
ကောက်ကျစ်သူ တစ်ယောက်၏ မှတ်စု လို့ ပေးသင့်တယ်…………….