ကမ္ဘာ မပျက် ခင် ရေးတဲ့  ကဗျာ
အားလပ်ရက် တွေ ဟာလည်း
သတ္တ၀ါ တစ်ခု ကံ တစ်ခု
ပူနွေး လာတဲ့  ကမ္ဘာမြေ ကြီး ကြောင့် 
ကိုယ့် ကျင့် တရားက ချွေးတစို့ စို့  နဲ့ 
ကျွန်တော် ကို ကျွန်တော် စိတ်ပူတယ်( စိတ်ပျက်တယ်)
ကမ္ဘာကြီးဟာ သူမ နာမည် လိုပဲ တောနက်ကြီး တစ်ခုထဲ က
အပူဒဏ်တွေနဲ့  လူရိုင်းတွေ ရဲ့  ပူပူညံ ညံ ရယ်မော သံတွေ နဲ့ 
လွယ် အိတ် ထဲ က ထွက်ပေါ်လာတဲ့ ခေတ်ပေါ်ကဗျာ တစ်ချို့ နဲ့ 
သူ့ ကိုယ်သူလည်း အချိန်မရွှေး သေကြောင်း ကြံ စဉ်တတ်တဲ့  ပတ်ဝန်းကျင်နဲ့ 
မီး ခိုး ကြွက်လျှောက် လိုက်သွားတတ်တဲ့ မေးခွန်း တစ်ချို့ နဲ့ 
အိမ်မက် မြေဇာ များနဲ့  မျှော်လင့်ချက် နေရောင်ခြည်များနဲ့  ယုံကြည်မှု လေပြည်များနဲ့ 
စိန်ခြယ်ပန်း များ နှင့် ……………….
……………………………………….
…………………..
မနေ့ တစ်နေ့ က လိုပဲ ဒီနေ့ တိမ်တွေ ပိုမှောင် ခဲ့ လေ ရဲ့ 
ပို မှောင်နေတဲ့  ဒီနေ့  တစ်ရက်မှာပဲ ……သူ မ ဆက်သွယ် လာခဲ့ တယ်
မှတ်မှတ် ရ ရ ထို နေ့  က ‘ ကမ္ဘာ မပျက်ခင် တစ်ရက်အလို ‘
အားလပ် ရက် နေ့  တစ် နေ့  လည်း ဖြစ် ရဲ့  ။ ။ (လုလင်ငယ်သွေး)
( ဖတ်မိ သော ကဗျာ တစ်ချို့ မှ စကားလုံး အနည်း ငယ် ယူသုံးထားပါသည်။)
Comment #2
မိုက်တယ်ဗျာ…..လန်းတယ်…
Comment #3
ka bar ma pyat khin phat kwint ya loh pyaw like tar.
Comment #5
ကဗျာက တစ်မျိုးလေးဆန်းတယ်ဗျ
အားပေးသွားတယ် ။
Comment #6
ka bar ma pyat khin hti ei lay ka a tet shay chin hma shay hmar.
sate g de thu tway,,sate to myan de thu tway,,kha na kha na sate kauk de thu tway,,a yan khan sar p kha na kha na ngo tat de thu tway ka a tet ma shay kya bu.he..he..
Comment #8
he,,he,,
hote lar?
e de 2012 zat kar ka kaung lar?
bar pe phyit phyit tu tu pe pop naw.
he,,he,,
ei lay dot a phaw tway ya p kwa,
Comment #1
ပူနွေး လာတဲ့  ကမ္ဘာမြေ ကြီး ကြောင့် 
ကိုယ့် ကျင့် တရားက ချွေးတစို့ စို့  နဲ့ 
ကျွန်တော် ကို ကျွန်တော် စိတ်ပူတယ်( စိတ်ပျက်တယ်)