သစ္စ၀ါဒ
ကောက်ညှင်းတစ်ထုတ်လို စေးကပ်ရိတွဲ
ကြံကြံဖန်ဖန် ဇာတ်ပေါင်းထားတဲ့အခန်းရှိတယ် ။
ထုံးစံအတိုင်းပဲ မီးမလာဘူး ။
ရေဘေး မီးဘေးသင့် ပညာရေးလဲ ဖင့်နေတယ်။
ဘ၀စာရင်းမ၀င်တဲ့ဘ၀တွေပါကွာ ။
လာ မင်းလဲ ထင်ရာလုပ်
ငါလဲ ထင်ရာလုပ်မယ် ။
ဒါပေမဲ့ ကိုယ့်အထုတ်ကို ဖြေပြ
သစ္စ၀ါဒသာ လက်ကိုင်ထားကြေး
မင်းလဲ ထွက်မပြေးနဲ့ ။
ငါလဲ ထွက်မပြေးဘူး ။
တိမ်ညွှန့်ကို ခူးစားဖို့ မကြိုးစားနဲ့ ။
မင့်းအိုးထဲက ထမင်း
တစိမ်းသူတွေနဲ့ တူတူစားရင်း
နေပြည်တော်လဲ သေတွင်းမလွတ်သေးကြောင်း
စည်တီးမောင်းခပ်ကြမယ်။
Comment #4
ကြိုက် ဗျာ
By: 13th at Sep 13, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လာ မင်းလဲ ထင်ရာလုပ်
ငါလဲ ထင်ရာလုပ်မယ် ။
ဒါပေမဲ့ ကိုယ့်အထုတ်ကို ဖြေပြ
သစ္စ၀ါဒသာ လက်ကိုင်ထားကြေး
မင်းလဲ ထွက်မပြေးနဲ့ ။
ငါလဲ ထွက်မပြေးဘူး ။
တိမ်ညွှန့်ကို ခူးစားဖို့ မကြိုးစားနဲ့ ။