*နှုတ် . . . ဆက် . . . ချိန် ….. တွေ စောပေး ပါ ……*
နင်ပုံသွင်းထားတဲ့ ငါ့စိတ်ရေပြင် .. .. …
ဘောင်ဘင် မခတ်ခင် .. .. ..
ကျေးဇူးပြုပြီး အစောဆုံး နှုတ်ဆက်ပေးပါ ..
ကြယ်ပွင့်တွေ ချိတ်သီထားတဲ့
ငါ့ ကြိုးကောင်းကင်ပြတ်မကျသေးခင်
ကျေးဇူးပြုပြီး အစောဆုံး နှုတ်ဆက်ပေးပါ ..
ခဏပဲပြခဲ့တဲ့ ဇာတ်လမ်းထဲမှာ …
ငါ .. ဘယ်နေရာ ၀င်ကရမှာလဲ ……..။ ။
နင့်အတွက်တော့ ငါ့ အချစ်ဟာ .
မဖတ်ဖြစ်လိုက်တဲ့ စာမျက်နှာ ..
မဆိုဖြစ်လိုက်တဲ့ အပေါစားသီချင်းတစ်ပုဒ်
မသာယာမိတဲ့ ညနေစောင်း ချိန်
ဆက်မလျှောက်ချင်တော့တဲ့ အပေါက်အပြဲလမ်းဟောင်းလေးပါ …..
ငါ .. နင့်နာမည် ယောင်ရမ်း ခေါ်မိတဲ့အခါ ..
ကျေးဇူးပြုပြီး အစောဆုံးနှုတ်ဆက်ပေးပါ …………
ငါ့ကို စိတ်ကုန်နေတဲ့ နင့်အပြုံးတွေကို မက်တယ်
ငါ့ကို မုန်းချင်ပြီ ပြောလိုက်တဲ့ နင့် နှုတ်ခမ်းဖူးတွေကို ငတ်တယ်
ငါ့ကို ထားခဲ့တဲ့ နင့်ခြေလှမ်းတွေကို ……….. .. လွမ်းတယ် …………
ငါ့ရင်ထဲက ဒဏ်ရာတွေ …… မရင့်ကျက်သေးခင် ..
ကျေးဇူးပြုပြီး အစောဆုံး နှုတ်ဆက်ပေးပါ .
ပြီးတော့ ..
နှုတ် . . . ဆက် . . . ချိန် ….. တွေ စောပေး ပါ ………………
Comment #2
နှုတ်ဆက်ချိန်တွေစော…ပေးပါလို့သာပြောနေတာပါ…..
အမှန်တော့…ကဗျာရေးသူရဲ့ရင်ထဲမှာနှုတ်ဆက်ချိန်တွေစောမှာကို…တော်တော်ခံစားနေရပုံပေါက်တယ်။

Comment #3
နှုတ်ဆက်ချိန်တွေစောပေးပါ တကယ်မိုက်တယ် ကနဦးပိုဒ်တွေတော်တော်ကောင်းတယ်ဗျ အားပေးတယ် ကြိုးစားထား ။

Comment #4
ငါ .. နင့်နာမည် ယောင်ရမ်း ခေါ်မိတဲ့အခါ ..
ကျေးဇူးပြုပြီး အစောဆုံးနှုတ်ဆက်ပေးပါ …………
Nice poem 😀

Comment #5
အားပေးနေပါသည်

Comment #6
hnoke sat chain tway saw pay par….

Comment #7
Thx…Guys 🙂

Comment #8
နှုတ်…ဆက်…ချိန်…တွေ…တ..ကယ်…စော…ရ….တော့….မှာ…လား

Comment #9
အ….ရမ်း….ကြိုက်တယ်

Comment #1
ငါ့ကို စိတ်ကုန်နေတဲ့ နင့်အပြုံးတွေကို မက်တယ်
ငါ့ကို မုန်းချင်ပြီ ပြောလိုက်တဲ့ နင့် နှုတ်ခမ်းဖူးတွေကို ငတ်တယ်
ငါ့ကို ထားခဲ့တဲ့ နင့်ခြေလှမ်းတွေကို ……….. .. လွမ်းတယ် ……
xo poor :'(
ဒီကဗျာက ၇င်ဘတ်ကိုထိရှနာကျင်စေတယ်…ကောင်းလိုက်တာဗျာ…
အားပေးနေမယ်နော်