မနက်ဖြန် (မင်းကိုချစ်တဲ့သူ)
ငါ့ရဲ့မနက်ဖြန် ဘယ်တော့မှနေသာမှာလဲ…
မနက်ဖြန်မှာ နေသာမှာလား
ဒီနေ့မှာတော့ နေရောင်အောက်
ငါ့ခံစားချက်တွေ အရည်ပျော်
မျှော်လင့်ချက်တွေ အရောင်ပျယ်ခဲ့ပြီ…
ငါလည်းလူအများထဲက တယောက်
နေရောင်အောက်က သက်ရှိတစ်ကောင်ပါ
ဘာလို့ ကြယ်ကြွေတာလောက်တောင်
အရေးမပေးခံရတာလဲ…
မရှင်သန်နိုင်တဲ့ အပင်ကို
ရေးရေးလေးထိုင်ကြည့်လို့ ၀မ်းနည်းဖူးတယ်
အတွေးဆိုတဲ့အရာကလည်း
အထီးကျန်ခြင်းရဲ့ အဖော်မွန်ပါပဲ…
တခါတလေတော့လည်း ကလေးတယောက်လို
ကမ္ဘာမြေတစ်ခုလုံးဟိန်းအောင် အော်ငိုလိုက်ချင်တယ်
ဟန်ဆောင်ခြင်းတွေနဲ့ နေ့ရက်တွေကတော့
မနက်ဖြန်များစွာကို မြိန်ရှိုက်စွာသုံးဆောင်နေဆဲပဲ…
ငါရဲ့မနက်ဖြန် ဘယ်တော့မှနေသာမှာလဲ
အချိန်အခါမသင့်ပဲ ရွာတဲ့မိုးတွေကြောင့်
ငါ့အိပ်မက်တွေ စိုစွတ်ခဲ့ရပြီ
င့ါအတွက် အခွင့်တခါရခဲ့ရင်
ကမ္ဘာကြီးကို အပေါ်စီးကကြည့်ချင်တယ်…
Comment #2
kyi loh ya tar pop…
lwe lwe dot be ya ma le.
kyoe sar r htoke pop.
Comment #3
င့ါအတွက် အခွင့်တခါရခဲ့ရင်
ကမ္ဘာကြီးကို အပေါ်စီးကကြည့်ချင်တယ်
Comment #4
ငါလည်းလူအများထဲက တယောက်
နေရောင်အောက်က သက်ရှိတစ်ကောင်ပါ
ဘာလို့ ကြယ်ကြွေတာလောက်တောင်
အရေးမပေးခံရတာလဲ…
Comment #6
အရမ်းကြိုက်လို့ .share ခွင့်လေးတော့ရချင်တယ်..
Comment #7
ရပါတယ်ဗျာ… share ပါ… 🙂
Comment #8
thanks infinity……….:)
Comment #1
ကဗျာကောင်းတစ်ပုဒ်ဘဲ ။