အရုဏ်ဖျောက်တဲ့ည
လေ ရူး တွေ နဲ့ မှောင် မိုက်
ဒု က္ခ တွေ အ တောင် ပံ ခတ် နေ တဲ့ ည တစ် ည မှာ
စူး ရှ ရှ ပု ရစ် သံ တွေ ကြောင့်
ရင် ခုန် သံ တွေ တေး ဆို ပါ တယ်
ခံ စား ချက် အ ဟုန် က
သန်း ခေါင် ယံ မှာ
မ ဟူ ရာ ရှာ သ လို
ဘယ် က မှန်း မ သိ
ဘယ် ကို မှန်း မ သိ
ရိုက် ခတ် လို့
ဒီ ရင် ဘတ် တစ် ပြင် လည်း
အန် ချင် ပါ တယ်
တိမ် စိုင် တွေ တော့ အိပ် တန်း တက် ကုန် ပြီ
လ မင်း ကြီး လည်း နိုး လာ ပြီ
ငါ လည်း. . .
အ တွေး တွေ ခေါင် ခိုက်
ပ လုံ စီ နေ အောင် အန် ချ လိုက် ပြီ ~ ~
အ တွေး တွေ ပ လုံ စီ တော့
စ ကား လုံး တွေ က ဆာ ~ ~
စ ကား လုံး တွေ ဆာ တော့ 
ဒီ ရင် ဘတ် က ဟာ ~ ~
ဒါ နဲ့. . …
က ဗျာ တစ် ပုဒ် မျို ချ လိုက် တယ်
အ ရုဏ် တွေ ခြေ ရာ ဖျောက် တဲ့ ည မှာ ပေါ့ ။ ။
Ray
19th October,2011
02:00 am
Comment #2
ကောင်းတယ်အကို အားပေးသွားပါတယ်။
Comment #4
စ ကား လုံး တွေ ဆာ တော့ 
ဒီ ရင် ဘတ် က ဟာ ~ ~
ဒါ နဲ့. . …
က ဗျာ တစ် ပုဒ် မျို ချ လိုက် တယ်
အ ရုဏ် တွေ ခြေ ရာ ဖျောက် တဲ့ ည မှာ ပေါ့ ။ ။
Comment #5
ဖတ်သွား အားပေးသွားတဲ့ ကိုလုလင် ၊ ကိုရဲမင်း ၊ yelaylover2010 ၊ မမေခ တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင် ဝေဖန်ပေးပါ အားလုံးကျေးဇူးပါ ။
Comment #6
ကောင်းတယ်ဗျာ ကဗျာဖတ်ပီး စိတ်ညစ်ညူးမှုတွေကို အန်ချပစ်လိုက်ပီ
ကောင်းတယ်ရေးရေ အဆုံးသတ်ကလှတယ် အားပေးနေတယ်ဗျို့
Comment #7
အားပေးတဲ့အတွက် ကျေးဇူပါ အစ်ကိုမြတ်သူ နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင်ဝေဖန်ပေးပါ အားလုံးရဲ့ဝေဖန်မှုတွေကိုတန်ဖိုးထားလျှက်ပါ ။
Comment #1
ကောင်းတယ်ဗျာ
က ဗျာ တစ် ပုဒ် မျို ချ လိုက် တယ်
အ ရုဏ် တွေ ခြေ ရာ ဖျောက် တဲ့ ည မှာ ပေါ့ ။ ။
လုလင် အားပေးသွားပါတယ်