…………..မေ့လိုက်…………….
အမှောင်ထဲမှာအရောင်တွေရှိတယ်
အလင်းထဲမှာလည်းအရောင်တွေရှိပါတယ်
အမှောင်ကအရောင်ကဘာလို့ပိုလင်းနေလဲ
ဒါပေမယ့်. . .
သဘာဝကျတယ်
တစ်ခါတစ်လေ
ကိုယ့်ဘေးမှာ
လူဆော်တွေသိပ်နံရင်
လေးဖက်ကုန်းသာသွားလိုက်ပါ
ဒါပေမယ့်. . .
သဘာဝကျတယ် ။
ကိုယ့်ဘဝမှာ
အလင်းရောင်တွေလိုတယ်
သူ့ဘဝမှာလည်း
အလင်းရောင်တွေလိုအပ်တယ်
ဒါပေမယ့်. . .
ချစ်တဲ့သူရဲ့အပြုံးတွေ
ငေးမောရင်း
ဗိုက်ပြည့်နေတတ်တဲ့~~
ချစ်တဲ့သူရဲ့
စကားလုံးနွေးနွေးလေးတွေ
နမ်းရှိုက်ရင်း
ကျေနပ်နေတတ်တဲ့~~
ပေးဆပ်သူဆိုတာ
သူ့ ဘဝ အရောင်ထွက်ဖို့
ကိုယ့် ဘဝကို အမှောင်ချပေးရစမြဲပဲလေ
ဇာတ်သိမ်းပိုင်းလှဖို့
လူပိုတွေကိုရှင်းပစ်ရသလို
မင်းရဲ့
အချစ်နိဂုံး
ထည်ဝါဖို့
တစ်ခန်းရပ်သာ
ပါဝင်ခွင့်ရတဲ့
လူပိုသာသာ
င့ါကို
ခပ်ဝေးဝေးလေး
ရှင်းထုတ်လိုက်ပါ ။
ငှက်ခါးလေးရေ … ..
မင်းပျော်ရွှင်မှုအတွက်
ငါ့ရင်ဝကို
အားကုန်ကန်ပြီး ပျံ.. .သွား. .နော်
ဖျတ်ဖျတ်လူးပြီး
ဆတ်ဆတ်ခါကျန်ခဲ့တဲ့
ကိုင်းဖျားလေးကိုတော့
ကျေးဇူးပြုပြီး မေ့. .လိုက်.. …ပါ ။ ။
Ray
14th November , 2011
22:00
Comment #3
ငှက်ခါးလေးရေ … ..
မင်းပျော်ရွှင်မှုအတွက်
ငါ့ရင်ဝကို
အားကုန်ကန်ပြီး ပျံ.. .သွား. .နော်
ဖျတ်ဖျတ်လူးပြီး
ဆတ်ဆတ်ခါကျန်ခဲ့တဲ့
ကိုင်းဖျားလေးကိုတော့
ကျေးဇူးပြုပြီး မေ့. .လိုက်.. …ပါ ။ ။
Comment #5
လူဆော်တွေသိပ်နံရင် လေးဘက်ကုန်းသာသွားလိုက်ပါ
ဟုတ်တယ်ရေးရေ သိပ်မွန်းတယ်ဟ
ကောင်းတယ်ရေးရေ အားပေးနေပါတယ်ဗျ ။
Comment #6
ကိုယ့်ဘေးမှာ
လူဆော်တွေသိပ်နံရင်
လေးဖက်ကုန်းသာသွားလိုက်ပါ
ဒါပေမယ့်. . .
သဘာဝကျတယ် ။
တကယ်သဘာဝကျတယ်ဗျာ….။ ကျက်သရေတုံးလဲ ဒီလိုပဲဖြစ်ချင်တယ်….။
Comment #7
ကောင်းတယ်ဗျ ၊၊
အမှောင်ထဲမှာအရောင်တွေရှိတယ်
အလင်းထဲမှာလည်းအရောင်တွေရှိပါတယ်
အမှောင်ကအရောင်ကဘာလို့ပိုလင်းနေလဲ
ဒါပေမယ့်. . .
သဘာဝကျတယ်
တစ်ခါတစ်လေ
ကိုယ့်ဘေးမှာ
လူဆော်တွေသိပ်နံရင်
လေးဖက်ကုန်းသာသွားလိုက်ပါ
ဒါပေမယ့်. . .
သဘာဝကျတယ် ။
ငှက်ခါးလေးရေ … ..
မင်းပျော်ရွှင်မှုအတွက်
ငါ့ရင်ဝကို
အားကုန်ကန်ပြီး ပျံ.. .သွား. .နော်
ဖျတ်ဖျတ်လူးပြီး
ဆတ်ဆတ်ခါကျန်ခဲ့တဲ့
ကိုင်းဖျားလေးကိုတော့
ကျေးဇူးပြုပြီး မေ့. .လိုက်.. …ပါ ။ ။
အားပေးသွားပါတယ် ၊၊ ၊၊
Comment #8
အားပေးနေလျှက်ပါ..
Comment #9
ချစ်တဲ့သူရဲ့
စကားလုံးနွေးနွေးလေးတွေ
နမ်းရှိုက်ရင်း
ကျေနပ်နေတတ်တဲ့~~
ပေးဆပ်သူဆိုတာ
သူ့ ဘဝ အရောင်ထွက်ဖို့
ကိုယ့် ဘဝကို အမှောင်ချပေးရစမြဲပဲလေ
အဲဒီစာသားလေးကိုကြိုက်တယ်ဗျ။နောက်…ကျေးဇူးပြုပြီး မေ့. .လိုက်.. …ပါ လို့ပဲ..ကိုx-rayနဲ့အတူတူ
ကျွန်တော်လည်းပြောလိုက်ပါ၇စေ…
Comment #10
ကဗျာလေးကို ခံစားအားပေးသွားကြတဲ့ မအိလေး ၊ ကိုလုလင်ငယ်သွေး ၊ မမေခ ၊ အစ်ကိုမြတ်သူ ၊ ကျက်သရေတုံး ၊ လမင်းဇော် ၊ အစ်မတော်အသဲကွဲမိုး နဲ့ genius တို့အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ။ Ray စာပြန်တာနောက်ကျသွားရင် အားလုံးကို တောင်းပန်ပါတယ် မနေ့က connectionတွေသိပ်မကောင်းတာနဲ့ စာချက်ချင်းပြန်လို့မရတာပါ ကျွန်တော့ကဗျာလေးကို ဒီလောက်များများအားပေးမယ်တောင်မထင်ဘူးဗျ တကယ်ပျော်မိတယ် အားတွေလည်းအများကြီးရှိသွားတယ် ဒီအားတွေနဲ့ ကျွန်တော် ကဗျာတွေထဲအသက်ဆက်နေမှာပါ ။
ုk nge lay ဆိုသူခင်ဗျာ ခင်ဗျားမေးတာရဲ့အဖြေကို ခင်ဗျားသိမှာပါ ဒါပေမယ့် အဲ့ဒီအဖြေအတိုင်း ကျွန်တော် ကဗျာကိုရေးထားတာမဟုတ်ပါဘူး ကျွန်တော် ရေးချင်တာလေးကို ကြိုးစားပြီး ကဗျာလေးတစ်ပုဒ်အနေနဲ့ရေးထားတာပါ ဒါကြောင့် ကျေးဇူးပြုပြီး ကဗျာကို ကဗျာအနေနဲ့ပဲ ဖတ်စေလိုပါတယ် အားပေးတဲ့အတွက် ကျေးဇူးပါ ။
Comment #1
good writing…
bad idea,,,so cruel & selfish.