ပုံပြင်ဆန်သောအလွမ်းများ
တလောကလုံးရဲ့ ဦးညျွှတ်ရာ
ကျနော့် ဘ၀တစ်ခုရဲ့ စာမျက်နှာမှာ
သူမပုံရိပ်တွေ ပြဌာန်းစာဖြစ်လာတဲ့နေ့
15.12.2010 အဲဒီနေကပေါ့
သူမခြေဖ၀ါးအောက်က ဖိနပ်တစ်ရံ
သူမခေါင်းပေါ်က နှင်းဆီတစ်ပွင့်ကို
ကျနော်ဘ၀ တစ်ခုလုံးနဲ့
ဒါမှမဟုတ်
ဟောဒီလောကမှာ ရှိတဲ့ အရာအားလုံးကို
အလဲလှည်လုပ်ကြည့်ခဲ့တယ်
နောက်ဆုံးရခဲ့ တဲ့ အဖြေက
ကျနော် ရင်ဘတ်ထဲက ဒဏ်ရာတွေပဲ
ဒါပေမယ့်
သူမ အပြုံးရဲ့ လင်းလက်မှု အရောင်မှာ
ကျနော် တဖြည်းဖြည်း နေရာ ရလာခဲ့ တယ်
လမ်းတွေ့လို့ နှုတ်မဆက်ရင်တောင်
လှမ်းလာမယ့် ခြေလှမ်းတွေက ကျနော်စီပဲ
အဲဒီလိုနဲ့
တဖြည်းဖြည်း အိပ်မက်တွေနဲ့ အတူ
တရိပ်ရိပ်ရွေ့လျားလာတဲ့ အချိန်တွေက
ကျနော်တို့ နှစ်ယောက်ကို
မီးမောင်းထိုးပြသခဲ့တယ်
ဒါပေမယ့်
နက်ရှိုင်းမှု့မပြတဲ့ ဒဏ်ရာက
ကျနော်ရင်ဘတ်မှာ ပိုပြင်းထန်လာခဲ့တယ်
သူမဟာ
ကျနော် ဘ၀တစ်ခုရဲ့ အစိတ်အပိုင်းဆိုတာ
အလိုလိုသိလာခဲ့တဲ့ နေ့
15.12.2010 အဲဒီနေ့ကပေါ့……….
နေတစ်သောင်းခတဲ့ ရင်တစ်ဝပ်စာမှ
ပျံထွက်သွားသောမြစ်တစ်စင်းသို့……………..
Comment #1
နေတစ်သောင်းခတဲ့ ရင်တစ်ဝပ်စာမှ
ပျံထွက်သွားသောမြစ်တစ်စင်းသို့……………..