လူနာ (၁၀၈)
Patient (108)
မြင်မြင် ချင်းလေ
ချစ်ခဲ့ မိတာ ကျွန်တော်ပေါ့
မှားခဲ့တာလားဗျာ…
မျက်ဝန်းတစ်စုံဟာ
ကျွန်တော်အတွက် တော့တော်တော်လေး
လှနေတာကတော့
ကျိန်းသေတယ်
ပူနေတဲ့ နေ
ဆူနေတဲ့ ကျွန်တော်ရင်ခွင်ကို
မမှီသလို…..
ချစ်တယ်ဆိုတာ
ဘာလဲ
သိချင်တာမဟုတ်
ကျွန်တော် သိနေခဲ့တာ
ကျွန်တော် မြင်ရ၊တွေ့ရ ၊ကြားရ တာတွေဟာ
သူမနဲ့ ပါတ်သတ်တာတွေချည်းပဲလေ
ဘ၀ကို သုံးသပ်
သူမနဲ့ပါတ်သတ်ဖို့
ကျွန်တော် လေ ကျေကျေနပ်နပ်
ဆုံးဖြတ်ခဲ့တယ်…
အချစ်
တော်တော် ထူးဆန်းတယ်
နာကျင်မယ်မှန်းသိရဲ့နဲ့ပေါ့…..
ငါလေ ဘရိတ်ဓါး တစ်ချောင်းကို
အစိမ်းလိုက် မြိုချမိပြီ…
အဆုံးမရှိ အဆုံးမသိတဲ့ လမ်းမဟုတ်
အစကတည်းက
လမ်းမဟုတ်တဲ့ လမ်းလေ
လျှောက်မိတဲ့ ကျွန်တော် ကိုယ်တိုင်က
ဦးနှောက်မပါတဲ့
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးလူသားပါ…..
ရူးရူးမိုက်မိုက် ချစ်ခဲ့တဲ့လူကို
ခါးခါးသီးသီး ကို ငြင်းလွှတ်ခဲ့တာဗျာ
ကောင်းလိုက်တဲ့
အကြောင်းပြချက်တွေ
ကြားလိုက်ရတဲ့
စကားလုံးတိုင်းဟာ
ကျွန်တော်နှလုံးသားကို
ကျွန်တော်ရှေ့မှာ တင်
အချဉ်ရည်နဲ့ တို့
အားရပါးရ စားနေသလိုပဲ
ဆရာဝန်ကတော့
ဒဏ်ရာမတွေ့တဲ့
သေချာတယ်
ကျွန်တော့် မှာ
အသည်းနှလုံး က အကောင်း အတိုင်း
မရှိတော့
အရက်လည်းမသောက်
ဆေးလိပ်လည်းမသောက်
မိန်း ကလေး တစ်ယောက်ကို
ချစ်ခဲ့မိလို့တဲ့
ဆရာဝန်က တော့ ဆေးစာမှာ
တွေ့ဖို့လူတစ်ယောက်ကိုရေးပေးခဲ့တယ်
စိတ်ရောဂါအထူးကုတဲ့
ကြာခဲ့ပါပြီလေ..
ဒါပေမယ့်
ကျွန်တော်အခန်းရှေ့က
သစ်ပင်တွေကို တွေ့တိုင်း
အရိပ် မရှိတဲ့
နေပူကြီးထဲမှာ
အချစ်အတွက်နဲ့
ပျော်ခဲ့တဲ့ လူတစ်ယောက်
အခုတော့လည်း
စောင့်ကြည့်နေတဲ့
အခန်းကျဉ်းထဲ ဆေးလုံးတစ်ချို့နဲ့
ရေတစ်ခွက်…
ပြီးတော့ သူမဓါတ်ပုံ
တကယ်က
သက်မွန်မြင့်ပုံ
ကျွန်တော် အတွက်တော့ သူမပုံ
ဘေးအခန်းကလူကတော့
ယုံတယ် အဲ့ဒါ
ကျွန်တော်ချစ်သူဆိုတာ
သူသိတယ်လေ
အဲ့ဒါ သူတို့ လမ်းထဲက မိအေးတဲ့
ဘယ်လိုပဲ ဖြစ်ဖြစ်
သူမ ဘယ်လိုမှ ထွက်မသွားခဲ့ပါ
ကျွန်တော်ရင်ထဲကနေ လေ
အမြဲတမ်းအတွက် ပေါ့…………။