နွေဦးထုပ် – နရီထက်
ဟန်ဖို့ခါ ပီသတယ်
အေးချမ်းတယ်
ဟန်ဖို့ခါ မာန်လုပ်တယ်
ပူဆွေးတယ်
အသိဥာဏ်တစ်ကိုယ်စာနှင့်
နွေဦးသခင်ကို အမိန့်ခြွေလာတယ်
ရွက်ခတွေ ကြွေလျှောစေတဲ့လေ……
နေ့ရက် တစ်ချို့က မှော်ဝင်တဲ့ ပန်းချီ
တစ်ချို့တစ်ဝက်က ပြုံးဟန်တွေ သက်လျှောစေတဲ့ ပန်းတစ်ခင်း
တစ်ချို့ကတော့ ကန္တာရ ဆူးပင်တွေနှင့် ဖြတ်သန်းနေကြလေရဲ့…
ရွှေထီးဆောင်းချင်တဲ့ လမ်းတစ်လျှောက်မှာ
အရိပ်ကျ အပင်က ကျို့တို့ ကျဲတဲ
တိုက်တာ အဆောက်အဦးတွေက ၀ိုးတ၀ါးနဲ့ရယ်
ဘယ်မှာလဲ…. အရိပ်တစ်ကိုယ်စာ သယ်ဆောင်ခွင့်ပေးမှာလဲ…
နွမ်းလျနေတဲ့ တိမ်မလွှမ်းတဲ့ နေ့တွေက
ခေတ်မင်းသားတွေအဖို့ တတ်ခ်ျနစ်(technique)တွေက အေးမြလွန်တယ်
ငါအဖို့ကတော့ တံတထွေးတွေ ခိုးယူမပြေးပါနဲ့ လင်းမှော်ဝင်တွေရယ်…
ရွှေထီးဆောင်းချင်တဲ့ မင်းသား…
နွေဦးထုပ်ကို ခပ်ထေ့ထေ့လေး ယူဆောင်းမိတယ်
ဦးထုပ်နောက်ပြန် ဘေးစောင်းတစ်ဝိုက်နှင့်
ဟန်လုပ်လိုက်သေးတယ်
အင်း… ဒီနေ့… နေသိပ်မပူပါလား…။ ။
နရီထက်
( ၁၇ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )
Comment #3
တစ်ချို့ကတော့ ကန္တာရ ဆူးပင်တွေနှင့် ဖြတ်သန်းနေကြလေရဲ့…
ဆူးပင်တွေနဲ့တော့ဖြတ်သန်းရမဲ့ဘ၀ကိုလွတ်မြောက်ပါစေရဲ့……..
Comment #1
ရွှထီးဆောင်းချင်တဲ့ လမ်းတစ်လျှောက်မှာ
အရိပ်ကျ အပင်က ကျို့တို့ ကျဲတဲ
တိုက်တာ အဆောက်အဦးတွေက ၀ိုးတ၀ါးနဲ့ရယ်
ဘယ်မှာလဲ…. အရိပ်တစ်ကိုယ်စာ သယ်ဆောင်ခွင့်ပေးမှာလဲ…
နွမ်းလျနေတဲ့ တိမ်မလွှမ်းတဲ့ နေ့တွေက
ခေတ်မင်းသားတွေအဖို့ တတ်ခ်ျနစ်(technique)တွေက အေးမြလွန်တယ်
ငါအဖို့ကတော့ တံတထွေးတွေ ခိုးယူမပြေးပါနဲ့ လင်းမှော်ဝင်တွေရယ်…
ရွှေထီးဆောင်းချင်တဲ့ မင်းသား…
နွေဦးထုပ်ကို ခပ်ထေ့ထေ့လေး ယူဆောင်းမိတယ်
ဦးထုပ်နောက်ပြန် ဘေးစောင်းတစ်ဝိုက်နှင့်
ဟန်လုပ်လိုက်သေးတယ်
အင်း… ဒီနေ့… နေသိပ်မပူပါလား…။ ။မိုက်တယ် စားသားလေးတွေက လန်းတယ် . ကဗျာဆရာလန်းလို့ ဖြစ်မယ် နောက်ဆုံးသုံးပှဒ် အကြိုက် ဆုံးပဲ………….အားပေးနေတယ်နော်….