လမ်း၊ လမ်းဆုံး၊ အငှားအိမ်
၁။
ပထမ…
ရည်ရွယ်ပြီးတော့သွားတယ်။
ရောက်ဖို့အတွက်တော့ အချိန်က ခွင့်မပြုဘူး။
လမ်းဆုံးမှာ ရောက်ချင်တဲ့ ရွာ ရှိနေပါသတဲ့။
အားလုံးကတော့
မချင့်မရဲ ခပ်နွမ်းနွမ်းရယ်။
၂။
နောက်တခု…
စိတ်ကူးလေးတော့ ယဉ်ကြည့်မိကြတယ်။
လမ်းဆုံးမှာ ဘာမှတော့ အထွေအထူး ရှိမနေဘူး။
ဒီတော့လည်း ပြန်လှည့်လာကြတယ်။
စိတ်မကောင်းဖြစ်တဲ့သူလည်း မရှိ၊ အံသြသွားတဲ့သူလည်း မရှိခဲ့ဘူး။
လမ်းတလျှောက် ခေါက်တုံ့ခေါက်ပြန်သွားရတာကို ပျော်လို့။
၃။
ပြီးတော့…
ပိုက်ဆံပေးပြီးမှ အချိန်ပြည့်အောင် ယူထားမလား စဉ်းစားတယ်။
ပိုက်ဆံပေးရမှတော့ ကြီးတာရှာယူမယ် ဆိုတဲ့ ဥပမာလည်း ရှိတယ်။
စောစောစီးစီး နားလိုက်တော့ရော ဘာဖြစ်သေးတုန်း။
အချိန်တန်ရင် အိမ်ပြန်ရမဲ့အတူ ခုပဲ အိမ်ပြန်ကြရင်ရော…မကောင်းဘူးလား။
၎။
အဲ့ဒီလိုနဲ့
အမြန်ယာဉ်တစီးက ခြေကျင်လောက် မမြန်တလှည့်၊
သူ့နှုန်းအတိုင်း မြန်တလှည့်သွားရင်း…
ခုတော့ အိမ်လည်း ပြန်မရောက်ပါဘူး။
အငှားအိမ်ကို အချိန်မပြည့်ခင် ပြန်အပ်ဖို့မအပ်ဖို့ကတော့
ကျွန်တော်နဲ့ မဆိုင်ဘူးတဲ့။
လမ်းတလျှောက် စဉ်းစားခဲ့သလို
အိမ်ပြန်ရမယ့် ရက်လည်း မရေရာနိုင်ဘူး။
ခုထိပဲ။
လမ်းလည်း မဆုံးသေးဘူး။
အချိန်လည်း မကုန်သေးဘူး။
သုည
Comment #2
Phat shu arr pay twar par de
Comment #3
အားပေးသွားကြောင်းသိရ၍ ဝမ်းသာပါ၏။
Comment #1
လုလင် အားပေးသွားသည်