*တူရိယာမကြင် သည်သံစဉ်*
ရိုးရှင်းတဲ့ သံယောဇဉ်တွေနဲ့
တိုးရင်းသာ ရစ်ပတ်ခဲ့ပြီး
အသာအယာ တီးခတ်မိတော့
မြည်တမ်းလာတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
တဝေ့ဝေ့ တိုက်ခတ်လာတဲ့ သည်နှောင်ကြိုး
မရေတွက်နိုင်တဲ့ ရိုက်ချက်တွေအောက်
တမည့်မည့် လောင်ကျွမ်းနေရင်း
ပွက်ပွက်ဆူလာတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
ပေါ့ပေါ့ပါးပါး အပြုံးတွေနောက်
တွယ်တာမှုတွေ သတ်မှတ်ဒီဂရီအောက်
လျော့လျော့သွားမလား စိုးကြောက်နေရင်း
ကိုယ့်လက်ဖ၀ါးကိုယ် လေပူပြန်မှုတ်နေရတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
ထိန်းကွပ်ထားတဲ့ စည်းချက်တွေကြား
အကျည်းတန် မလိုတမာမှုတွေ
ပြင်းပြစွာ ကျရောက်လာလေတော့
တလိမ့်လိမ့်ပျို့အန်လာတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
မရင့်ကျက်သေးတဲ့ အိပ်မက်တွေရဲ့ နှိပ်စက်မှုကိုခံရလေတိုင်း
ပင့်သက်ရှိုက်ရင်းနဲ့သာ နာနာကျင်ကျင် ညည်းတွားနေရတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
စနစ်တကျ သိမ်းထုပ်ထားတဲ့ ပါဆယ်ထုပ်လေးအထဲ
ဖရိုဖရဲ မျှော်လင့်ချက်လေးတွေ .. ယိုင်နဲ့နဲ့ ယုံကြည်မှုလေးတွေ
ဘောင်ဘင်ခတ်လို့ တိုက်မြည်သွားတိုင်း
ကွဲရှလာတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
တံတိုင်းအထပ်ထပ်ကာလို့ နားတွေပိတ်ထားလည်း
တိုးဝင်လာတဲ့ သံသယများစွာထဲ
တံတွေးအခါခါမျိုချမိဆဲ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
မေခက်ဆူး
(11 Nov 11)
12:00PM
Comment #3
သံစဉ်လေးများ လာရောက်နားဆင်သွားပါကြောင်း ~~
Comment #4
ဖရိုဖရဲ မျှော်လင့်ချက်လေးတွေ .. ယိုင်နဲ့နဲ့ ယုံကြည်မှုလေးတွေ
ဘောင်ဘင်ခတ်လို့ တိုက်မြည်သွားတိုင်း
ကွဲရှလာတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား
ကြားနိုင်ပါစေ…ဗျာ။အားပေးသွားပါတယ်။
Comment #5
ပေါ့ပေါ့ပါးပါး အပြုံးတွေနောက်
တွယ်တာမှုတွေ သတ်မှတ်ဒီဂရီအောက်
လျော့လျော့သွားမလား စိုးကြောက်နေရင်း
ကိုယ့်လက်ဖ၀ါးကိုယ် လေပူပြန်မှုတ်နေရတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
သူကြားနိုင်ပါစေလို့ ကျနော်လဲဝိုင်းကူပီးဆုတောင်းပေးလိုက်ပါတယ်ဗျာ
Comment #6

အားပေးသွားတယ်ဗျာ
Comment #1
မရင့်ကျက်သေးတဲ့ အိပ်မက်တွေရဲ့ နှိပ်စက်မှုကိုခံရလေတိုင်း
ပင့်သက်ရှိုက်ရင်းနဲ့သာ နာနာကျင်ကျင် ညည်းတွားနေရတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
စနစ်တကျ သိမ်းထုပ်ထားတဲ့ ပါဆယ်ထုပ်လေးအထဲ
ဖရိုဖရဲ မျှော်လင့်ချက်လေးတွေ .. ယိုင်နဲ့နဲ့ ယုံကြည်မှုလေးတွေ
ဘောင်ဘင်ခတ်လို့ တိုက်မြည်သွားတိုင်း
ကွဲရှလာတဲ့ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
တံတိုင်းအထပ်ထပ်ကာလို့ နားတွေပိတ်ထားလည်း
တိုးဝင်လာတဲ့ သံသယများစွာထဲ
တံတွေးအခါခါမျိုချမိဆဲ သည်သံစဉ်
သူ ကြားနိုင်လေမလား … …
………….အင်း…………….
သူကြားနိုင်မလေမလားတဲ့။
တကယ်ကောင်းတဲ့ကဗျာလေးပဲ ။
မိုက်တယ်
ခိုက်တယ်
သူကြားပါစေလို့ ကိုယ် ကူပြောပေးလိုက်မယ်။