ငါ့ကိုယ်ငါမုန်းတယ်
ကောင်းကင်ပျောက်နေတဲ့ ကြယ်တွေနဲ့
ဆွံ့အနေတဲ့ ညတွေထဲ
သက်ပြင်းတွေခိုးခိုးရှိုက်
ခပ်ငိုက်ငိုက်နဲ့ လမ်းလျှောက်နေလိုက်တာ
ဟောဒီ… နိုဝင်ဘာ
ပြတ်ရွှေ့တောင်တန်းတွေနဲ့
အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်
အမြင့်ပျံငှက်တွေကို အားကျရင်း
အိမ်အပြန်ခက် ဆွေးငေးနေလိုက်တာ
ဟောဒီ… နိုဝင်ဘာ
ဘ၀ကို ခပ်ခါးခါးကော်ဖီတစ်ခွက်လို
ခပ်ကြမ်ကြမ်းမော့သောက်ပစ်ခဲ့ရင်း
သံသရာခရီးကို ရဲရဲကြီးလျောက်ချင်ခဲ့သူဟာ
နင်ရဲ့အလိုမကျတဲ့ မျက်ဝန်းနက်တွေထဲ
သိမ်ငယ်မူများစွာနဲ့ ငါ့ကိုငါ အလိုမကျတွေဖြစ်
မျက်ရည်မြစ်တွေထဲ အကြိမ်ကြိမ်ခုန်ချရင်း
မွန်းကြပ်နေခဲ့တာ
ဟောဒီ…နိုဝင်ဘာ
နင်ထားခဲ့တဲ့ဘ၀မှာ
ငါမနေတတ်ပေမယ့်
အသေမတတ်သေးတော့
အသည်းကွဲ သီချင်းတွေဆိုညည်း
နင်မပါတဲ့ ဟောဒီ နိုဝင်ဘာလထဲက
ဆွံ့အနေတဲ့ လမ်းတွေပေါ်
တစ်ကိုယ်ရည် လျောက်လှမ်းရင်း
ငါ့ကိုယ်ငါ မုန်းတယ်……
ငါ့ကိုယ်ငါ မုန်းတယ်…..
ငါ့ကိုယ်ငါ မုန်းတယ်…..
ထိရ
၂၀၁၁၊ နိုဝင်ဘာ၊ ၁၉
Comment #3
ကဗျာလေးကြိုက်တယ်ဆိုလို့  ကျေးဇူးတင်ပါတယ်ဗျာ
Comment #4
နှစ်သက်..အားပေးနေပါတယ်
Comment #5
အသဲကွဲမိုး > ကျေးဇူးတင်ပါတယ်ခင်ဗျာ:)
Comment #6
nice poem.
good writing.
strong feeling.
but,,,,
be confident.
believe urself.
Comment #7
ဒီကဗျာလေးကို ကြိုက်လိုက်တာ။ ရင်ထဲကို ထိရှစေတယ်
Comment #1
ဟာ..ဒီကဗျာလေးကြိုက်တယ်ဗျ
နင်ထားခဲ့တဲ့ဘ၀မှာ
ငါမနေတတ်ပေမယ့်
အသေမတတ်သေးတော့
အသည်းကွဲ သီချင်းတွေဆိုညည်း
နင်မပါတဲ့ ဟောဒီ နိုဝင်ဘာလထဲက
ဆွံ့အနေတဲ့ လမ်းတွေပေါ်
တစ်ကိုယ်ရည် လျောက်လှမ်းရင်း
ငါ့ကိုယ်ငါ မုန်းတယ်……
ငါ့ကိုယ်ငါ မုန်းတယ်…..
ငါ့ကိုယ်ငါ မုန်းတယ်…..
ဒီနေရာလေးကိုပိုကြိုက်တယ်