ပြန်မလာသူအတွက်တမ်းချင်း
နင်ပြန်လာရင်
အခါလွန်မိုးပေမယ့်
အချစ်ပန်းတစ်ခင်းကတော့
အစွမ်းကုန်ပွင့်လန်းဖို့စောင့်ကြိုနေလေရဲ့
နင်ပြန်လာရင်
မြေနီလမ်းကလေးကလဲ
အိမ်မက်ဟောင်းတချို့ ကို
တူးဖော်ဖို့အထီးကျန်စွာ
စောင့်မျှော်နေလေရဲ့
နင်ပြန်လာရင်
ဆောင်းညနေတွေမှာအိပ်တန်းပြန်မယ့်
ငှက်ကလေးတွေကလည်း
ပေါ်မပါသူအတွက်တေးသွားကိုသီဆိုဖို့
သံစဉ်ညှိနေကြလေရဲ့
နင်ပြန်လာရင်
အိမ်မက်အသေတွေကိုတခုစီလိုက်ကောက်ရင်း
မျှော်လင့်ချက်ခပ်နွမ်းနွမ်းနဲ့
အသက်ဆက်ခဲ့ရတဲ့ငါ့အတိတ်တွေအကြောင်း
တစေ့တစောင်းတော့
နင့်ရင်ခွင်ထဲတိုးဝင်ပြီးပြောဖြစ်လိမ့်မယ်ထင်ပါရဲ့
တကယ်လို့
နင်သာပြန်လာခဲ့မယ်ဆိုရင်ပေါ့လေ။ ။
ဆည်းဆာ
Comment #3
စကားလုံးတွေသီကုံးထားပုံက လေလာရာလွင့်နေတဲ့ စက္ကုပန်ကာလေးတစ်ခုလို လှတယ်ဗျ
အားပေးသွားပါကြောင်း ~~
Comment #5
pyan lar p naw,
he,,he,,
Comment #7
ဆည်းဆာ…သူမပြန်လာလည်း.ကျွန်တော့်တို့ကိုပဲ..ပြောပြလိုက်တော့နော်။
အားပေးသွားပါတယ်။
Comment #8
ပြောရမယ်ဆိုရင်တော့တစ်ထောင့်တစ်ညတိုင်သွားလိမ့်မယ် 🙂
အားပေးသွားတဲ့အတွက်ကျေးဇူးပါ
Comment #9
he,,he,,
maw hmar soe loh bar hma ma pyaw ne dot naw.
a like ti par de
Comment #1
တကယ်ကိုကောင်းပါတယ်ဗျာ
အရေးအသားမိုက်တယ်