ခေါင်းစည်းကြိုးကျွက်ကျကျန်ရစ်ခဲ့တဲ့ သစ်ပင်
ခရမ်းပြာတွေနဲ့နဖူးကလက်ဗွေရာလေးကို
ပိုက်တန်းလန်းတပ်ထားတဲ့
မနက်ခင်းတစ်ခုမှာပေါ့။
ဒါစက္ကူလေယာဉ်ပျံမဟုတ်မှန်း
ကျနော်သိတယ်
တူတူပုန်းတမ်းကစားနည်းမဟုတ်မှန်း
ကျနော်ဟာတွင်းအောင်းသတ္တဝါမဟုတ်မှန်း
တနင်္လာဟာဆီးချိုရောဂါမဟုတ်မှန်း
ကျနော်သိတယ်။
တောင်ပံဖြန့်ထားပြီးသားစက္ကူလေယာဉ်ထဲ
ဖြစ်တည်မှုတွေဘာလို့ထပ်မှုတ်ထည့်နေဦးမလဲ
စေလိုရာမှာ ပျော်သလိုပဲနေလိုက်ရုံပေါ့။
ဒါပေမဲ့စိတ်ချပါ…
ငါအလွမ်းကို မိတ္တူကျောကပ်မဆွဲဘူး
ကိုယ်တိုင်ကိုက ငြီးငွေ့ဖို့ ပျင်းရိနေတတ်တဲ့
နွေရာသီဆိုတော့
ကိုယ့်ကိုကိုယ်ပြန်လင်းလိုက်ရုံနဲ့လည်း ဖြစ်ပါတယ်။
လေယာဉ်ပန်ကာတွေ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းသလို
ငါတို့လည်း နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီပဲလွမ်းကြဦးစို့
မိုးကြွင်းတဲ့မြို့တော်မှာ
ငါလည်းခေါင်းစည်းကြိုးကျွတ်ကျကျန်ရစ်ခဲ့ဖူးလို့။
နေပိုင်
၂၀.၁၁.၂၀၁၁
Comment #3
ဒါပေမဲ့စိတ်ချပါ…
ငါအလွမ်းကို မိတ္တူကျောကပ်မဆွဲဘူး
ကိုယ်တိုင်ကိုက ငြီးငွေ့ဖို့ ပျင်းရိနေတတ်တဲ့
နွေရာသီဆိုတော့
ကိုယ့်ကိုကိုယ်ပြန်လင်းလိုက်ရုံနဲ့လည်း ဖြစ်ပါတယ်။
…………
ကိုနေပိုင် ကဗျာလေး..ကြိုက်နှစ်သက်လို့အားပေးသွားပါတယ်
Comment #4
တနင်္လာဟာဆီးချိုရောဂါမဟုတ်မှန်း
ကျနော်သိတယ်။
တောင်ပံဖြန့်ထားပြီးသားစက္ကူလေယာဉ်ထဲ
ဖြစ်တည်မှုတွေဘာလို့ထပ်မှုတ်ထည့်နေဦးမလဲ
Comment #1
Great.