သင်းကွဲသူများ (၁) – တာရာမင်းဝေ
ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။
တာရာမင်းဝေ
http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီလိုနဲ့ပဲ မီးစာမကုန်ပဲ မီးအိမ်တွေ ငြိမ်းခဲ့ကြပေါ့ရှင်…